နောက်နေ့မနက်ရောက်သော်
Spot car အနက်ရောင်ကHotelရှေ့ရောက်တာနဲ့ လဝန်းနဲ့ဇာမဏီ ငွေဆောင်မှထွက်ခွါလာကြသည်။အဝေးပြေးလမ်းမပေါ်တွင်ပြေးနေသည့်ကားနှစ်စီးသည် တစ်စီးက Phoenixနှင့်လဝန်း တို့ပါရှိပြီး တစ်စီးက Maxနဲ့ Maxရဲ့သက်ဆိုင်သူပါရှိသည်။ ဒါလိုဖြင့်တစ်ရွေ့ရွေ့ပြေးနေသော ကားနှစ်စီးညနေစောင်းတွင် ရန်ကုန်ရှိတစ်နေရာ ခန်းနားကြီးကျယ်လှသော ခြံဝန်းထဲသို့ ဝင်လာသည်။အိမ်ကြီးက နန်းတော်ကြီးအလား ခမ်းနားလွန်းသည်။ ခြံကြီးသည်လည်း အလွန်ကျယ်လှသည်ကြောင့် ဥယာဥ်များပါရှိသည်။ကားရပ်တာနဲ့ ခပ်ထွားထွားလူနှစ်ဦးမှ တံခါးလာဖွင့်ပေးတော့ လဝန်းဆင်းလိုက်သည်။ ထို့နောက် Phoenix ကိုလှမ်းကြည့်တော့ Phoenix ကခေါင်းတစ်ချက်ငြိမ့်ပြတာကြောင့် Phoenixနောက်နေတိတ်တိတ်လေးလိုက်ခဲ့သည်။ Maxကလဲတစ်ချက်ပြုံးပြလိုက်သည်ကြောင့်စိတ်သက်သာရာရသေးသည်။ Phoenix ရဲ့Leather ဖိနပ်တွေကကြမ်းပြင်နှင့်ရိုက်ခက်သည့်ခါ အိမ်အတွင်းအသံများမှဟိန်းထွက်နေသည်နှင့် အင်အားကြီးမာဖီးယားတစ်ယောက်ရောက်လာသည်ဆိုတာ ရိပ်မိသည်။ဧည့်ခန်းထဲရောက်တော့ Phoenixရဲ့ ဖခင်ဖြစ်သူ ဦးရာဇာမျိုးထွဋ်က သားရေဆိုဖာရှည်ပေါ်မှာ အနက်ရောင်Suitကိုခါတိုင်းလို သေသပ်စွာဝတ်ဆင်ထားပြီး ဝိုင်ကိုသောက်နေသည်။ အပေါ်ကိုလှန်တင်ထားတဲ့ဆံပင်တွေကြား မီးခိုးရောင်မျက်ဆံတို့ကပေါ်နေသည်။ Phoenixနဲ့ ယှဥ်ရင် ဂျာမန်ရုပ်ပိုပေါက်သည်ကြောင့် Phoenix ထက်တောင်ကြောက်စရာကောင်းနေသေးသည်။ လဝန်း Phoenix ရဲ့ခန္ဓာကိုယ်ကြီးကြီးနောက်မှာ သူ့ခန္ဓာကိုယ်လေးလုံအောင်ဝင်ပုန်းလိုက်သည်။
"Ich bin nach Hause zurückgekehrt Vater" (ကျွန်တော်တို့အိမ်ပြန်ရောက်ပါပြီအဖေ)
ဦးရာဇာခေါင်းတစ်ချက်ငြိမ့်ပြပြီး လဝန်းကိုကျော်ကြည့်တော့
"ဒါကျွန်တော့်..မိတ်ဆွေ။လဝန်းဧကရီ။"
"...."
ဦးရာဇာမှမျက်ခုံးတို့တွန့်ချိုးလျှင်ပင်
"ညီမလေးဆီသွားလိုက်ပါအုန်းမယ်။လိုက်ခဲ့ လဝန်း။"
Phoenixလဝန်းလက်ကိုဆွဲကာ အပေါ်ထပ်သိူ့တက်သွားတော့ Maxကဦးလေးဖြစ်သူအား ခေါင်းငြိမ့်ပြ၍ တိမ်လွှာနှင့်အမြန်အပေါ်ထပ်လိုက်ခဲ့လိုက်သည်။
အပေါ်ထပ်ရောက်တော့ ညီမလေးတံခါးမဖွင့်ခါ Phoenixတစ်ကိုယ်လုံး စိတ်လှုပ်ရှားနေသည်။နှစ်ချီအောင် စကားမပြောဘဲအိပ်ရာပေါ်လှဲနေတဲ့ညီမလေးက ခုသက်သာနေပြီတဲ့လေ။တံခါးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့ ပြတင်းပေါက်ဘက်ကို ကြည့်နေတဲ့ လှပတဲ့မိန်းမငယ်လေးတစ်ဦး။ ဆံနွယ်တွေက ချထားပြီး ညအိပ်ဝတ်စုံလေးနှင့်။ ဂျာမန်သွေးပါတာကြောင့် Phoenixလိုပဲ မျက်ခုံးထူ မျက်တောင်ရှည်သည်။ တံခါးသံကြားတာကြောင့် တံခါးပေါက်ဘက်လှည့်ကြည့်တော့ ဝမ်းသာအားရနဲ့ပြုံးပြလာတဲ့ညီမလေး အပြုံးကိုမမြင်ရတာ နှစ်ချီကြာခဲ့ပြီ။ နောက်ဆုံးတော့ ညီမလေးပြန်လာခဲ့ပြီ။ Phoenix ထက်Maxက ညီမလေးဆီပြေးသွားပြီး ဖက်ထားသည်။ တိမ်လွှာလဲ Maxနောက်ကျောကိုပုတ်ကာနှစ်သိမ့်ပေးသည်။ ခနကြာတဲ့ထိ တုပ်တုပ်မှမလှုပ်သေးတဲ့သူကတော့ Phoenix။ လဝန်းက Phoenix လက်မောင်းကိုအသာပုတ်တော့မှ အသိစိတ်ပြန်ဝင်ကာ ညီမလေးရှိတဲ့အိပ်ရာနား အသာလှမ်းသွားလိုက်သည်။ အိပ်ရာနားရောက်တော့ အစွန်းမှာထိုင်ချလိုက်သည်။
YOU ARE READING
အတ္တတို့စေညွုန်ရာ (Ego)
Actionstoryလေးနောက်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခုတလောစိတ်ကူးထဲပေါ်လာတာလေးပေါ့။ဒါလေးကလဲ စာရေးသူရဲ့စိတ်ကူးနဲ့ပုံဖော်ထားတာပါပဲ။ဒီထဲမှာnormalရောblရောပါပါတယ်။Mainကိုတော့normalလေးပဲရေးထားပါတယ်။ဇာတ်နာပါတယ် ဇာတ်ကောင်ကောင်မလေးဇာတ်နာတာကြောင့် မျက်ရည်မခိုင်ရင် မဖတ်ဖ...