Part-8(Uni)

130 4 0
                                    

ချစ်သူကျွန်းက  ကမ်းခြေနဲ့သိပ်မဝေးတာကြောင့် ရေကျနေရင် လမ်းလျှောက်သွားလို့ရတာကြောင့် Phoenixနဲ့လဝန်းရေတိမ်ထဲကနေ လမ်းလျှောက်သွားကြသည်။Phoenixလည်ပင်းတွက် ကင်မရာတစ်လုံးပါသည်။ကျွန်းပေါ်ရောက်တော့ ကျွန်းပေါ်မှာခနထိုင်ကြသည်။

"လဝန်း.."

"??"

"ကိုယ်ဒီကနေပြန်ရင် ကိုယ့်အိမ်ကိုပြန်ရတော့မယ်"

"...."

"ကိုယ့်အလုပ်ကဘာအလုပ်လဲဆိုတာမင်းသိတာပဲ...ကိုယ့်အဖွဲ့အစည်းက ကိုယ့်ကိုလိုအပ်တယ်..Master familyရဲ့ leader တစ်ယောက်အနေနဲ့တာဝန်တွေအများကြီးရှိသေးတယ်"

"အင်းပါ..နင်ပြန်လာမှာမလား?"

".....ကျစ်...အဲ့တာကိုပြောနေတာပဲ.."

"ပြန်မလာတော့ဘူးလား....ခနလေးတောင်လေ...အလည်လာလိူ့တောင်မရဘူးလား"

Phoenixလဝန်းကုိစိုက်ကြည့်လိုက်ပြီး

"ကိုယ်ဘာအလုပ်လုပ်တာလဲ?"

"လဝန်းသိတယ် ဒါမဲ့-"

"မေးတာဖြေ"

"Mafia"

"Mafiaတစ်ယောက်နဲ့ပတ်သက်နေတဲ့မိန်းကလေးတစ်ယောက်က အန္တရယ်ဘယ်လောက်များလဲသိလား?"

"...."

"မင်း...ကိုယ့်ကြောင့်အန္တာရယ်ဖြစ်မှာမလိုလားဘူး..Mafiaဆိုတာ ရန်သူတွေအများကြီးပဲ။ကိုယ့်ရန်သူတွေက မင်းကိုကိုယ့်အားနည်းချက်အနေနဲ့ အသုံးချနိုင်တယ်"

"ဒါမဲ့ သူတို့မှငါ့ကိုမသိတာ"

"ကိုယ်သွားတဲ့နေရာတိုင်းမှာကိုယ့်ရန်သူတွေရှိတယ်..ကိုယ်နဲ့တွဲသွားတာများရင် မင်းကိုရိပ်မိကြမှာပဲလေ..မင်းသာမန်ဘဝမှာပဲနေစမ်းပါကွာ..."

"သာမန်ဘဝ?ရှင်ရောအဲ့လောကမှာပျော်လို့လား"

"..."

Phoenixခနတာတိတ်ဆိတ်သွားသည်။ဒါပေါ့ ဘယ်ပျော်မလဲ?သတိတစ်ချက်လွတ်တာနဲ့ကိုယ့်ဘဝလဲဆုံးရှုံးနိုင်သလိုကိုယ်ချစ်ရတဲ့သူတွေကိုလဲဆုံးရှုံးရနိုင်တယ်။လွတ်လွတ်လပ်လပ်မဟုတ်ဘဲ သတိနဲ့အမြဲနေနေရတဲ့ဘဝကိုဘယ်ပျော်မလဲ?ဒါမဲ့ဘာလုပ်နိုင်လို့လဲ?ဘိုးဘေးစဥ်ဆက်က Leader နေရာကိုယူထားရတာ။ သားကြီးတစ်ယောက်အနေနဲ့တာဝန်တွေရှိနေတယ်။ သူတစ်ချက်မှားတာနဲ့ သူ့လက်အောက်ငယ်သားတွေ သူ့မိသားစု သူချစ်ရတဲ့သူတွေကိုဆုံးရှုံးရမှာ။ ဒါကြောင့်ပျော်လားမေးရင်မပျော်ပါဘူး။ဒါမဲ့ ကိုယ်တန်ဖိုးထားရတဲ့အရာတွေကြောင့် မပျော်လဲရပ်တည်ပေးရအုန်းမယ်။ သူတို့ ကိုယ့်ကိုလိုအပ်တယ်။ စကားတွေအများကြီးမပြောတတ်တဲ့ သူတစ်ယောက်မို့ ကြမ်းကြမ်းတမ်းတမ်းပဲ လိုရင်းတိုရှင်စပေပါပြတော့မယ်။

အတ္တတို့စေညွုန်ရာ (Ego)Where stories live. Discover now