အချိန် တစ်နာရီကြာပြီးနောက် ။
အစည်းအဝေးပြီးလို့ အစည်းအဝေးခန်းထဲက ဝန်ထမ်းတွေပြန်ထွက်လာသည်ကို တွေ့ရသည်နှင့် ကျွင်းဟော့လန်သည် လက်ထဲက ဖိုင်တွဲတွေကိုဆုပ်ကိုင်ပြီး အစည်းအဝေးခန်းထဲသို့ အပြေးဝင်သွားခဲ့သည် ။
အခန်းထဲတွင် သူ့ကိုစောင့်နေသော ရှောင်းကျန့်ကို တွေ့လိုက်ရတာကြောင့် သူတစ်ယောက် တစ်ချက်ပြုံးသွားခဲ့သည် ။
သူသိသားပဲ ။ ဒီငတုံးလေးက သူ့ကို တစ်ရက်လောက် မစရရင် မနေနိုင်ဘူးဆိုတာ ။
ကျွင်းဟော့လန်ပြုံးပြုံးနဲ့ လက်ထဲက ဖိုင်တွဲလေးကို စားပွဲခုံပေါ်သို့ပစ်ချပြီး ရှောင်းကျန့်ဆီကို လျှောက်သွားခဲ့သည် ။
" ကိုယ်သိသားပဲ အားကျန့်ဆိုတဲ့အဆိုးလေးက ကိုယ့်ကိုသက်သက်စနောက်နေတာကို "
ကျွင်းဟော့လန်က ဝမ်းပန်းတသာနဲ့ ပြေးဖက်ဖို့ဟန်ပြင်လာသည် ။
ရှောင်းကျန့်သည် ဆုံလည်ထိုင်ခုံတွင်ထိုင်နေရာမှ ခြေထောက်ကိုတစ်ချက်အားပြုပြီး ကျွင်းဟော့လန်ရဲ့ပြေးဖက်မှုဖြစ်စဥ်ကို လွတ်ကင်းအောင်ရှောင်တိမ်းလိုက်သည် ။
ပြီးနောက် ပေတံကိုင်ထားသောလက်လေးကိုအရှေ့သို့ဆံ့ထုတ်ပြီး မျက်ခွံလေးတစ်ချက်လှန်ကြည့်ကာ ...
" အကွာအဝေး "
ရှောင်းကျန့်၏ စည်းခြားလိုက်သော အပြုအမူကြောင့် ကျွင်းဟော့လန်မှာ အံ့သြလွန်း၍ ဘာပြောရမလဲမသိဖြစ်သွားရသည် ။
" အားကျန့် .. ကိုယ် ... "
" ဥက္ကဋ္ဌ "
ကျွင်းဟော့လန်၏ ဆက်ပြောမယ့်စကားတို့မှာ အနောက်ကကပ်ပါသော ရှောင်းကျန့်စကားကြောင့် တစ်ခန်းရပ်သွားခဲ့ရသည် ။
" ကျေးဇူးပြုပြီး နောက်ကို အခေါ်အဝေါ်တွေကအစ သတိထားပေးပါ အဖွဲ့မှူးကျွင်း "
ရှောင်းကျန့်က ကျွင်းဟော့လန်ကို တစ်ခါမှမဆက်ဆံဖူးသည့် သူစိမ်းဆန်ဆန်ဆက်ဆံမှုတွေကို တစ်ပြိုင်နက်တည်း ထိုးနှက်အသုံးပြုလာသည် ။
ရှောင်းကျန့်က သူ့ရဲ့ စိမ်းကားမှုနယ်ပယ်ထဲ မကျွင်းကျင်နေသော ကျွင်းဟော့လန်တစ်ယောက်၏ မျက်တောင်တခတ်ခတ်နဲ့ ကြောင်အနေသော အမူအရာတို့ကိုကြည့်ပြီး ထိုင်ရာမှထရပ်လိုက်သည် ။