ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေသော လှောင်အိမ်ထဲက လွတ်ငြိမ်းလာသည့် နောက်ပိုင်း ရှောင်းကျန့်တစ်ယောက် အရင်ကထက် ပိုရင့်ကျက်လာခဲ့သည် ။
ပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူပြန်ရှာတွေ့ခဲ့သလိုမျိုး ။
အချစ်အတွက် အချိန်ပေးခဲ့စဥ်က တုံးအအနေခဲ့တဲ့လူအဖြစ်ကနေ အခုအချိန်မှာတော့ သူ ဘာကိုလိုချင်လဲ ၊ သူ ဘာကိုဖြစ်ချင်လဲဆိုတာကို သိလာခဲ့သည် ။
အရင်ကထက် အလုပ်ထဲမှာစိတ်ပိုနစ်လာနိုင်ခဲ့ပြီး ။
တစ်ချိန်တုန်းက စိတ်ဝင်စားမှုမရှိဘဲ ပစ်ထားခဲ့မိသော ကုမ္မဏီအရေးကိစ္စအဝဝတို့ကိုလည်း အရင်ကထက် သူပိုပြီး စိတ်ဝင်စားလာခဲ့သည် ။
" နောက်တစ်နာရီနေရင် အစည်းအဝေးစမယ် "
ကုမ္မဏီ ရုံးခန်းထဲရောက်ပြီး မိနစ်၃၀အကြာဝယ် ရှောင်းကျန့် ကြိုးဖုန်းကနေတစ်ဆင့် အခန်းအပြင်ဘက်တွင်ရှိသော အတွင်းရေးမှူးကို လှမ်းပြောလိုက်သည် ။
ရှောင်းကျန့်ဆီက အစည်းအဝေးလုပ်မယ်ဆိုတဲ့ အသံကြားသည်နှင့် ကုမ္မဏီတစ်ခုလုံး၏ ဝန်ထမ်းများမှာ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင် ဖြစ်သွားကြရသည် ။
အကြောင်းမှာ သူတို့CEOဟောင်းဖြစ်သော ရှောင်းကျန့်၏အဘိုး ဆုံးပါးသွားပြီး နောက်ပိုင်း ကုမ္မဏီကို ရှောင်းကျန့် အုပ်ချုပ်လာသည့် နောက်ပိုင်းမှာ ကုမ္မဏီတွင် အစည်းအဝေးဟူသည်ကား တစ်ကြိမ်တစ်ခါမှမရှိခဲ့ဖူးသည့် ကိစ္စရပ်တစ်ခုဖြစ်နေခဲ့အတွက်ကြောင့်ပင်ဖြစ်သည် ။
CEOဟောင်း၏မြေးငယ် ရှောင်းကျန့်သည် အသက်ငယ်ရုံနှင့်အမျှ ကုမ္မဏီကိုလည်း ပေါ့ပျက်ပျက်သာ အုပ်ချုပ်သည် ။
ကုမ္မဏီရဲ့ အရေးပါဆုံးဖြစ်သည့် ကုမ္မဏီ၏ ဝင်ငွေထွက်ငွေ စာရင်းအကြောင်းထက် ထုတ်ကုန်ဌာနကအဖွဲ့မှူးဖြစ်သည့် ကျွင်းဟော့လန်ရဲ့အကြောင်းကိုသာ ပိုပြီးစိတ်ဝင်စားတတ်သည် ။
ဒါ့အပြင် ရှောင်းကျန့်သည် ကုမ္မဏီဝန်းထမ်းတွေရဲ့ မျက်လုံးထဲတွင် တစ်နေ့တစ်နေ့ ကုမ္မဏီကို လာလာနေခြင်းသည် ကျွင်းဟော့လန်ကို ပိုးပန်းနိုင်ဖို့အရေးအတွက် ဟန်ပြခြင်းသာဖြစ်ပြီး ကုမ္မဏီ၏ အရေးကိစ္စအဝဝတို့ကို စိတ်မဝင်စားတတ်သည့် ကမ္ဘာ့အထူးဆန်းဆုံး ကုမ္မဏီပိုင်ရှင် တစ်ယောက်လည်း ဖြစ်လာခဲ့သည် ။