အပိုင်း (14)

159 14 1
                                    

ဖြစ်ပျက်ခဲ့သမျှတွေက မျက်လှည့်ပြလိုက်သလို တစ်ခဏချင်း ပြောင်းလဲကုန်ကြသည်။

ယခုထိ စနေမိုးကတိတ်သွားခဲ့ပေမဲ့  သစ်တော အတွင်းမို့ လက်ကျန်ရေစက်များက မြေပြင်ပေါ်သို့ တစ်စက်ချင်းကြနေသည်။ စိုထိုင်းထိုင်း အငွေ့အသက်နှင့် အေးစိမ့်ခြင်းကပါ သယ်ဆောင်လာသည်။

ပြေးရလွှားရ ခဲ့လို့ထင်ပါရဲ့ တခွင်လွှား ရဲ့ ဘေး၌ ကွေးကွေးလေး အိပ်ပျော်နေစဲ သူက မျက်မှောင်ကြုတ်တစ်ချက် ဖြင့် ၊ အသေးစိတ်အမူအယာကစ အရာအားလုံးကို အနီးကပ်မြင်နေရသည်။  တခွင်လွှားရှေ့မှ လူသည်  ဇဝါဖြူလို့ထင်ရသည့် ကိုယ်ခွဲအလား အရမ်းဆင်တူကြသည်။  တခွင်လွှား ကိုယ်အပူရှိန်ကြောင့် ခြောက်လုနီးပါးအင်္ကျီကို လွှားကာ ခြုံပေးလိုက်ပြီး မြေနေရာကို ကြည့်ဖို့ အသာလေး ထထွက်လာခဲ့လိုက်သည်။

>>>>>>>

"ဘယ်လို အခြေ‌ေနရလဲ သမီး "

မူထင် ၊ အဘနဲ့အမိုးကို ခေါင်းယမ်းပြလိုက်သည်။ တစ်ရွာလုံး ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြသည်မှာ တစ်ရက်နှင့်တစ်ည ရှိနေလေပြီးဖြစ်သည်။

" ကလေး တွေတော့ ဒုက္ခ ရောက်နေကြပြီးထင်တယ် "

အမိုးက စိုးရိမ်များ ဖြင့် ညည်းတွားနေသည် ။

" ဘယ်သူမှ အသက်အန္တာရယ်မဖြစ်ကြပါစေနဲ့ကွယ် '

"မူထင် သမီးရော၊ အသွားသတိအလာသတိ၊ မပေါ့ဆနဲ့"

"ဟုတ်ကဲ့ပါ အဘ "

မူထင် ၊ အဘနဲ့ အမိုးကို နှုတ်ဆတ်ကာ ထွက်လာလိုက်သည်။  သက်ပြင်းသာအတန်တန်ချမိသည်။   တစ်ချို့အရာတွေက အတင်းလုပ်ယူ၍မရသလို ၊ သူ့အကြောင်းသူဖန်လာပြီးသားပင်။

မူထင် ၊ ခပ်ရေးရေးလေးပြုံးကာ  ရယ်လိုက်မိသည်။ ကိုယ့်အတွက်မကှိတော့တဲ့ မေတ္တာတွေအတွက်၊ က်ုယ်‌မတ္တာရှိသူရဲ့ ကြင်သူကို ကာကွယ်ဖို့သာ ရွေးချယ်မိသည်။  ဆရာမ‌လေးနဲ့ ပျံလွှား ဘေးကင်းနေမှဖြစ်မှလေ။

>>>>>>

ဆူးဝေ အမှောင်တစ်နေရာ၌ ပိတ်မိနေသလို ၊ ခန္ဓာကိုယ်က လေးလံနေပြီး လှုပ်၍မရ အာခေါင်မှ ခြောက်ကပ်ကာ ကွဲအပ်လာတော့မည့်အတိုင်း  ဆူးဝေ လှုပ်ချင်သောလဲ ဘယ်လိုမှ မတတ်နိုင်ခဲ့။ ဘယ်အရာမှ စိတ်မလျှော့ချင်တဲ့စိတ်က သောက်‌ဆုံး၌ ခြောက်ကပ်နေတဲ့နှုတ်ခမ်းပါးကနေ စကားသံများပဲလျှံထွက်လာသလားမသဲကွဲ ။ ခဏအကြာ ခြောက်အက်ကွဲလုနီးပါး လည်ချောင်းမှ အေးမြမြ နဲ့ ရေတစ်ချို့ကဝင်လာသလို  လည်ချောင်းက စိုပြေနေပေမဲ့ နှုတ်ခမ်းထက်၌ လေးလံလွန်းလှတဲ့ အရာတစ်ခုက ဖိကပ်ထားသလို ၊ ကွဲအက်လုနီးပါးလည်ချောင်းသည်လဲ အခုမှ အဆင်ပြေလာသလို တဖန် အမှောင် ကမ္ဘာသို့နစ်မြုပ်သွားပြန်သည်။

‌"မောင့်   စံကားပန်း "   ( Ongoing )Where stories live. Discover now