အပိုင်း (10)

153 11 1
                                    

ထုံးစံအတိုင်း အရှေ့ဘက်ရိုးမ ဘက်မှ ရောင်နီမလာခင် စောစီးစွာနိုးသည်။  သို့ပေမဲ့ တစ်ရေးတမောမှ မျက်စေ့ကိုအနားမပေး မအိပ်ရသေး။ 

ရောင်နီမလာခင်၊ ပတ်ဝန်းကျင်သည် မှောင်မိုက်နေဆဲမို့ အနည်းငယ်နေသာသလိုရှိသည်။ ငြမ်း ဒီနေ့တော့ အလင်းရောင်ကို မမြင်ချင်မိသေးတာကိုတော့ဝန်ခံရမည်။ နွမ်းလျလျခန္ဓာသည် ယခုမှကောင်းစွာဒုက္ခပေးလေပြီး။    နောက်ဆုံးလက်ကျန် အဖြူရောင်ဗူးလေးထဲမှ ဆေးတစ်လုံးကို  ဘာအစာမှ မခံမိပဲ ရေနဲ့မျှောချလိုက်မိသည်။ ဒီဆေးတွေ က ငြမ်းရဲ့ခန္ဓာကို မထိန်းနိုင်တော့တဲ့ တစ်နေ့ကျရင်တော့  ငြမ်း ဝဋ်ကြွေးတွေ ကုန်ဆုံးမဲ့နေ့ရက်သို့ ရောက်လာမည်။ 

" ခင်ဗျားဆိုတဲ့ ဝဋ်ကြွေးနွံထဲ ငြမ်းရုန်းထွက်ခဲ့ပါရစေ "

>>>>>>>

"ဘာ "

"သေချာလား ပြန်ပြောစမ်း ဇဝါဖြူ ပြန်ရောက်နေတယ်ဟုတ်လား "

"မမှားနိုင်ဘူး အကိုကြီး ကျွန်တော်တို့ သေချာ မြင်ခဲ့တာဗျ "

စွန်ရဲမှ တွေးဆဆစဉ်းစားဟန်ဖြင့်  ရှိနေလေသည်။

" ငါတို့ ရိုးမ ဘက်ကိုပြန်အချေချမယ် "

"ဗျာ အကိုကြီး "

"‌နသန် ကိုဘယ်လိုလုပ်မှာလဲ "

" သူ့ပထွေးက ငါတို့ကို မျက်စေ့ထောင့်ထောက်ကြည့်နေတာ တစ်ချက်မှားတာနဲ့ ပွဲပြီးပြီး ၊ တခွင်လွှားဆိုတဲ့ကောင်လဲ မသေဘူး  ငါ ရစရာရှိတာယူပြီးရင် ဒီနယ်ဘက်ကို ခြေမချတော့ဘူး "

"နားလည်ပါပြီး အကိုကြီး ပြင်ဆင်လိုက်ပါ့မယ် "

"ဇဝါဖြူ   မင်းသတ္တိကိုတော့ လေးစားတယ် ၊ ပိုပြီးတောင် သဘောကျ သွားပြီး ဟား ဟား  "

ဒီနေ့ သူတို့အကိုကြီးမျက်နှာသည်ပြုံးရွှင်နေဟန်ဖြင့်  ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ ရိုးမဘက်ကို ပြန်အချေရပေအုံးမည်။

>>>>>>

ညက ခေါင်ရည်အရှိန်ကြောင့် မဟုတ်ပါပဲ ပျံလွှား ရင်ထဲမှ ခံစားချက်တို့ကိုဖွင့်ဟဝန်ခံမိသည်။ သို့ပေမဲ့   ပျံလွှားသိသည်။ ဇဝါဖြူ ပြန်ရောက်ကတည်းက အကြိုက်တွေ၊ အမူယာတွေကစ အခြားသူလို ပြောင်းလဲကုန်သည်။  ဇဝါဖြူကိုယ်တိုင် သူ့ကို လက်၌ချည်ပေးခဲ့သည့် ကျစ်ကြိုးလေးကို တမင်တကာ ဝတ်ဆင်ခဲ့သည်။ ပျံလွှားထင်သည့်အတိုင်း အံ့ဩဟန်၊ တို့ ပြမလာသည့် သူ က  ထိုကြိုးကိုလဲ  စိတ်မဝင်စားခဲ့ ။

‌"မောင့်   စံကားပန်း "   ( Ongoing )Where stories live. Discover now