မနက် ဝေလီ၊ ဝေလင်းအချိန်၌ နောင်းတလုံရွာမှ မြင်းခွာသံတစ်ချို့သည် ရွာအပြင်ဘက်သို့ ဦးတည်ထွက်သွားလေသည်။ ထို့မှ စ၍ အမှောင်မလာခင်ထိ ဖြစ်သည်။
"ဆူးဝေ ပျံလွှားကိုလဲ မတွေ့ပါလား "
"ဟုတ်တယ် ဘထီး ဒီတစ်လော ပျံလွှား ရိုးမ ဘက်ကို ခဏခဏ သွားနေတော့တာပဲ "
"ဟေ ဟုတ်လား ပျံလွှား ကို ဆေးပင်တစ်ချို့ ကူရှာခိုင်းမလို့ကော ဘထီးက "
"ကျွန်တော် ပျံလွှားကို ပြောပြလိုက်မယ် ဘထီး "
"အေး အေး ကောင်းပြီးဝေ့ ဘထီး တောင်စွန်းကျောင်းကို ခဏ သွားရအုံးမယ် ဘဘုန်းကမိန့်စရာရှိတယ်ဆိုလို့ "
"ကျွန်တော် လှည်းကောက်ခဲ့ရမလား ဘထီး"
"နေ နေ ခြေကျင်ပဲ "
ဘထီး ထွက်သွားတော့မှ ပျံလွှား မနက်ထဲက ပျောက်နေတာ၊ ဘာကိစ္စတွေ လှုပ်ရှားနေလဲ ဆိုတာ ဆူးဝေ မသိ တော့ ၊ ရင်ထဲတော့ မကောင်းတာတွေ တစ်ခုခု ဖြစ်တော့မယ်လို့လဲ စိတ်ထဲ ထင့်နေသည်။
မှန်ရှေ့မှ အပေါ်တစ်ပိုင်း ဗလာ ဖြစ်နေသည့် သူ့ မျက်ဝန်းညိုတွေက ရေသေလို ငြိမ်သက်နေသည်။ မှန်ထဲမှ ပုံရိပ်သည် ယောင်္ကျားသားတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်၏။ ဆံနွယ်ရှည်တွေ ဖျချထားပြီး ၊ ခွဲမရအောင်တူသည့် မျက်နှာ တစ်ခုက ယခုအချိန်၌ နူးညံ့မှုတွေ ရှိရမဲ့အစား နားကျည်းမုန်းတီးမှုတို့သာ ရှိသည်။ ပြီးနောက် ပုန်းကွယ်တိုးလျလျ သိမ်ငယ်မှုတစ်ခု က ရင်ဘက်ထဲ ၌ တင်းကြပ်ကြပ်ဖြင့် လျက်ရှိသည်။
"ဆရာမလေး ရေ မူထင်ဝင်ခဲ့ပြီနော်"
"ဟင် "
နံရံတစ်ချက်သာ ခြား တော့သည့် အသံက နီးကပ်လာလျက် ငြမ်း ဖုံးကွယ်ထားတာကို သိသွားလို့မဖြစ်သေးေပ ငြမ်း ရဲ့ ကိစ္စတွေ မပြီးမြှောက်သေးခင်မှာပေါ့ ။
"မူထင်က ဘာများ လုပ်နေတာ လဲ လို့ ခေါ်မထူးတော့ "
" မူထင် "
" ဒီချိန် ကြီး ရေချိုးမို့လား "
သဘက် တစ်ထည်ကို ပတ်ထားသည့် သူက ဆံနွယ်တွေကိုလဲ ဖျချထားသည်။
YOU ARE READING
"မောင့် စံကားပန်း " ( Ongoing )
Romantizmမင်းအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းေမတ္တာေတွနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ေတွထိ ချစ်ပေးနိုင်မလား.....။