ကျန်းယွီယောင်သည် သူမဘေးရှိ ပြုံးနေသော Mr.ချန်းကို ကြည့်၍ သူမ၏စိတ်ထဲ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။Mr. ချန်း၏ ရှေးရိုးစွဲတတ်သည့်အမြင်အရ၊ သူသည် ဤအနမ်းဇာတ်ကွက်မျိုးတွင် ဒေါသတကြီး အော်ဟစ်နေသင့်သည်။သို့သော် Mr.ချန်း ဤအနမ်းဇာတ်ကွက်ကိုမြင်ရသည်မှာ စိတ်မပျော်ရွှင်နေဘူးလား။ မဟုတ်ပါ၊ သူ့မျက်နှာပေါ်ရှိအပြုံးကပင် ဘယ်သောအခါမှ မပျောက်ကွယ်သွားချေ။
Mr. ချန်းက အဘယ်ကြောင့် ဤမျှ ကြီးကြီးမားမားပြောင်းလဲသွားရသည်လဲ။
သူမ မသိတာတခုခုများ ဖြစ်သွားသေးသည်လား။
ခဏကြာလျှင် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်တို့က ယာယီအနားယူလိုက်ကြပြီး ဇာတ်ပို့သရုပ်ဆောင်များက သရုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
Mr. ချန်းသည် သူ့လက်ထောက်၏အကူအညီဖြင့် ခွေးခြေပေါ်မှ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်လိုက်ပြီး လော့ချယ်ထံသို့ အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်ကာ "လူငယ်လေး!"
လော့ချယ်က သူ့ကို တစ်ယောက်ယောက် ခေါ်နေတာကိုကြားသည့်အခါ သူ့ဘေးနားရှိ ကုမျန်ကို သူအဆင်သင့်ဖွင့်ထားပေးပြီးသည့် ရေဘူးကို ကမ်းပေးလိုက်ပြီး အသံ၏ဦးတည်ရာကို အလျင်အမြန် တစ်ချက်ကြည့်လိုက်၏။
Mr. ချန်းသည် လော့ချယ်ကြည့်လာသည်ကိုမြင်သည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ သိသာထင်ရှားလာပြီး သူ့ထံသို့ တက်ကြွစွာဖြင့် ထပ်မံလက်ဝှေ့ယမ်းပြလိုက်ပြန်သည်။ "လူငယ်လေး ဒီကိုလာ၊ ငါပြောစရာရှိတယ်"
လော့ချယ် မျက်ခုံးတစ်ချက်ပင့်မိသွားသည်။
သူက တစ်ဖက်လူကို မသိသလို တစ်ဖက်လူက သူ့ကို ပြောစရာရှိမည်ဟုလည်း သူ မထင်ချေ။အလုပ်ကိစ္စဆိုပါက၊ သူ့ကိုတိုက်ရိုက်မရှာဘဲ သူ့အေးဂျင့်ကိုသာ ရှာသင့်သည်ပင်။
လော့ချယ်သည် လော့ကျစ်ယွီကို မေးဆတ်ပြလိုက်ပြီး "သွားကြည့်လိုက်"
လော့ကျစ်ယွီသည် သူ့အလုပ်ကို အမြဲကျေပွန်စမြဲဖြစ်၏။ သူသည် မရှက်မကြောက်ဘဲ Mr.ချန်းထံသို့ တန်း၍လျှောက်သွားလိုက်သည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)