ဝတ်ရည် ဝတ်ရည်ဘာလဲနင်မနက်ခင်းအချိန်လေးတော့ငါ့ကိုအေးဆေးကျောင်းလာခွင့်ပေးပါ့လား
ငါနင့်ကိုဘာမှမနှောက်ယှက်ရပါဘူးဟာ
မနက်က အိမ်ကပေါက်ဆီကြော်ထားတာနင်စားစေချင်လို့လာပို့တာပါ
ယူပါနော် နင်ကြိုက်မှန်းသိ့လို့တမင်ယူလာပေးတာကိုပေးဒါဆိုလည်း ကျေးဇူးပဲ
ဒါနဲ့နင်အမေမဆူဘူးလားဘာကိုဆူရမှာလဲဝတ်ရည်ရဲ့
သူတို့လက်ဖက်ရည်ဆိုင်ကမုန့်တွေငါ့အတွက်ယူလာပေးတာကိုပြောတာ
ဖေဖေနဲ့မေမေကသူတို့ချွေးမလေးအတွက်ကြည်ဖြူပြီးသားပါဟ
နင် ခန့်ဟိန်းထက် ငါ့ကိုမစနဲ့နော်
ကဲကဲ စိတ်မဆိုးပါနဲ့ဟာ အတန်းဝင်တော့
သွားပြီ မုန့်ပေးလို့ကျေးဇူးပဲ
ခန့်ဟိန်းထက်တစ်ယောက်တော့
ဝတ်ရည်လေး ဒီနေ့သူ့ကိုပြုံးပြသွားတာနဲ့တင်တစ်နေ့တာကအတော်လေးကျေနပ်ဖို့ကောင်းနေလေသည်ဟျောင့် ခန့်ကြီး မင်းဖွန်ကြောင်နေပြန်ပြီလား
ဟာ အောင်ကျော်ခန့် မင်းဘယ်တုန်းကရောက်လာတာလဲ
မင်းဝတ်ရည်ကိုမုန့်ပေးနေကတည်းက ငါဟိုဘက်မှာစောင့်နေတာ
အေးပါကွာ သွားမယ် ဘောလုံးသွားကန်မယ်
ခဏ မိုးကြီး လာတာစောင့်လိုက်အုံး
တော်ကြာမစောင့်လိုစိတ်ကောက်ရင်အဲ့ကောင်ကဆော်ကြီးအတိုင်းပဲခွီး မင်းပြောမှအူတက်နေပြီ
အေး မင်းလည်း မင်းမိဘတွေပိုင်တဲ့လက်ဖက်ရည်ဆိုင်ကနေ မုန့်တွေယူလာပြီးကျွေးလွန်းလို့ ဒေဝါလီခံနေရအုံးမယ်
သတိ့ထားဟားး ဒီလောက်ကတော့ပါးပါးလေးပါကွာ
အေးဆေးပေါ့ဟျောင့် ၂ကောင် အတန်းမဝင်သေးဘူးလား
မိုးကြီးကကျောင်းပေါက်ဝနားကနေလှန်းအော်လာပြီး ခန့်ဟိန်းထက်နဲ့အောင်ကျော်ခန့်အနားပြေးလာတာကြောင့်
ဟျောင့် မင်းဒီနေ့ကျောင်းလာတာကလည်းနောက်ကျလိုက်တာ
ဟုတ်တယ် အိမ်ကဘိုးတော်ကပထမရက်ရန်ဖြစ်တာကိုထိုင်ကောနေလို့ဟေ့