ချောင်း(န်)နန်မြို့၊ အထပ်မြင့်အဆောက်အအုံတစ်ခု၌ ဖြစ်သည်။“ကျွီ…”
တံခါးသည် အသာအယာပွင့်သွားခဲ့လျှက်၊ ကျောက်ကုန်းရှန့် သက်ပြင်းတစ်ချချဖြင့် စိတ်မပါလက်မပါ လမ်းလျှောက်ဝင်လာခဲ့သည်။
“လောင်ကျောက်၊ ဘာဖြစ်လို့လဲ။”
အခန်းအတွင်း ထိုင်နေကြသည့် လူငါးယောက်မှ ကျောက်ကုန်းရှန့်၏ ပုံစံအားမြင်လိုက်၍ အလန့်တကြားဖြင့် လှမ်းမေးလိုက်သည်။
“မနေ့ညတုန်းက ထိခိုက်သွားခဲ့သေးလား။”
“သူ့ပုံစံကိုလည်း သေချာကြည့်လိုက်ပါဦး၊ ချစ်မိသွားတယ်ဆိုရင်တောင် ယုံပေးစရာကောင်းဦးမယ်။”
“ဟာ၊ လောင်ကျောက်၊ မင်းနဲ့မင်းမိန်းမ ကွာရှင်းကြတော့မလို့လား။”
“မဟုတ်တာတွေလျှောက်ပြောမနေကြနဲ့။”
သူတို့ငါးယောက် တစ်ယောက်နှင့်တစ်ယောက် ခန့်မှန်းပြောနေကြပြီး နှုတ်ပိတ်နေခဲ့သော ကျောက်ကုန်းရှန့်က သက်ပြင်းချလိုက်သည်။
“ငါကတကယ်ဘဲ၊ ဆွဲဆောင်သိမ်းသွင်းတာမတော်လို့လား။”
“…”
လူငါးယောက်သည် စိတ်ပျက်သွားသည့် အမူအရာဖြင့် မျက်လုံးဝှေ့လိုက်ကြပြီး ကျောက်ကုန်းရှန့်၏ စကားများအား မကြားလိုက်သယောင်ဖြင့် လုပ်လက်စ အလုပ်များအား ဆက်လုပ်နေခဲ့ကြသည်။ ဓားများကို သွေးနေသူကသွေး၊ သေနတ်သန့်ရှင်းရေးလုပ်နေသူကလုပ်ဖြင့်၊ အချို့မှာ ဖုန်းသုံးနေကြလျှက်၊ အချို့သည် နှစ်နှစ်ခြိုက်ခြိုက်ပင်
အိပ်မောကျနေခဲ့ကြသည်။“မဟုတ်ဘူး၊ ငါတကယ် အတည်မေးနေတာ။”
ကျောက်ကုန်းရှန့်က စိတ်လော၍ မေးလိုက်သည်။
ကျောက်ကုန်းရှန့်အား မည်သူကမှ အဖတ်မလုပ်သည်ကို မြင်သောအခါ သေနတ် သန့်ရှင်းရေးလုပ်နေသည့် ဟုန်ရင်းမှ သက်ပြင်းချ၍ မေးလိုက်သည်။
“အကိုကုန်းရှန့်က တော်တော်လေး တက်ကြွနေတာလား။”
“အမှန်ပဲ။”