"ဆရာယိုရှီ ရောက်လာပြီလား"
နှုတ်ဆက်လာတဲ့ဘေးနားစားပွဲဝိုင်း
ကဆရာတစ်ယောက်ကိုယိုရှီခေါင်းငုံ့
ပြကာပြန်နှုတ်ဆက်လိုက်သည်။"ဒီနေ့လဲ cupcakeတွေရောက်နေ
တယ်နော် အနေအေးတဲ့တို့ဆရာလေး
ရည်းစားရတော့မှာပဲ"ဆရာတစ်ယောက်ကစကားထပြောရင်း
စနောက်လာတာမို့ ယိုရှီစားပွဲထောင့်စွန်း
ကအိတ်လေးကိုလှမ်းကြည့်ရင်းသက်ပြင်း
ချမိသွားသည်။ ယိုရှီကအရာဝတ္ထုတွေလူ
တွေအပေါ်မှာငြီးငွေ့လွယ်တတ်ပါသည်။
နေရာတွေစားစရာတွေပေါ်မှာလဲထိုသို့ပင်။
ကိတ်ဆိုင်ကိုနှစ်ခါလောက်သွားပြီးထပ်
မသွားဖြစ်တော့ပေမဲ့ ထင်မှတ်မထား
အောင်ပင်သူ့စီကိုနေ့တိုင်းလိုလိုရောက်
လာတဲ့ cupcakeလေးတစ်ခု။ရီစရာလဲကောင်းလှပါသည် တစ်ဖက်
လူဒီမုန့်လေးတစ်ခုကိုနေ့စဉ်ဘာလို့ပို့
နေလဲယိုရှီသိပါသည်။ဒါပေမဲ့ယုံလဲ
မယုံကြည့်ပါ။စားပွဲထောင့်ကအိတ်
လေးကိုလှမ်းယူလိုက်ပြီးဘေးက
အမှိုက်တောင်းထဲပစ်ထည့်လိုက်ရင်း
နေ့လည်ကျရင်တော့ဆိုင်ကိုသွားကာ
ဒီကိစ္စကိုအပြတ်ဖြတ်ဖို့စဉ်းစားလိုက်
မိသည်။.................................
ဆိုင်ရှေ့မှာခနလောက်ရပ်နေမိပြီးမှ
အထဲကိုဝင်လိုက်တော့ ဝန်းထမ်းလေး
တစ်ယောက်က နှုတ်ဆက်လာသည်။"မင်္ဂလာပါ ဧည့်သည်ဒီဘက်ကြွပါဗျ"
နောက်ဆုံးရောက်ခဲ့တဲ့အခေါက်ကထက်
လူပိုများနေပြီး ဖွင့်တဲ့ခနလေးအတွင်း
အတော်လေးနာမည်ရလာပုံပင်။နှုတ်
ဆက်လာပြီးလွတ်တဲ့စားပွဲဝိုင်းကိုညွှန်
ပြနေတဲ့ ဝန်ထမ်းလေးကို လာရင်းကိစ္စ
ကိုသာပြောလိုက်သည်။"ဟို...ဒီဆိုင်မှာ ဟာရူတိုဆိုတာရှိတယ်
မလားအကိုခနလောက်တွေ့ချင်တယ်
လို့ပြောပေးပါ"အထူးအဆန်းဧည့်သည်ကြောင့်ဝန်ထမ်း
လေးမှာကြောင်အအဖြစ်သွားပုံရသည်။
ဒါပေမဲ့ဧည့်သည်ရဲ့တောင်းဆိုချက်မို့
ခေါင်းငြိမ့်ပြကာဆိုင်ရဲ့အတွင်းဖက်သို့
ဝင်သွားတော့သည်။