ရူတိုရဲ့နေ့ရက်တွေကအရမ်းကိုသာ
ယာနေသည်။အကိုကသူ့ကိုအများကြီး
အလိုလိုက်လာသလို အများကြီးလဲဂရု
စိုက်ပေးလာပါသည်။အရင်ကလိုအရမ်း
မအေးစက်တော့ပဲ အပြုံးချိုချိုလေး
တွေကိုလဲဖောဖောသီသီပေးတတ်ပါ
သေးသည်။အကိုကလေတစ်နေ့တစ်နေ့
ချစ်ဖို့ကောင်းလွန်းလို့ ရူတိုမှာထားစရာ
နေရာမရှိအောင်ကိုအချစ်ပိုရပါသည်။"အကို..."
"ဟင်..."
"ချိုလား"
အကိုကရူတိုခွာပေးတဲ့လိမ္မော်သီးကို
စားရင်းလက်ထဲကဖုန်းကိုသာအာရုံ
စိုက်နေသည်။ရူတိုအမေးကိုခေါင်း
ငြိမ့်ပြလာပြီး ရူတိုပုခုံးပေါ်ကိုအသာ
မှီခိုလာသည်။အကို့နဖူးပေါ်ကဆံပင်
လေးတွေကိုအသာသပ်တင်ပေးလိုက်
ရင်း အကို့ဆံပင်တွေကြားလက်ကိုထိုး
ဖွလိုက်တော့ အကိုကအလိုမကျစွာမျက်
ခုံးတွေစုကြုံ့သွားရင်း။"ရူတို ကိုယ်မကြိုက်ဖူး..."
ရူတို အကို့ဆံပင်တွေကြားကလက်ကို
အမြန်ပြန်ရုတ်လိုက်ပြီး..."ဆောရီးအကို ကျွန်တော်ဆင်ခြင်
ပါ့မယ်"နောက်ထပ်လိမ္မော်သီးတစ်လုံးကိုခွာ
ဖို့ပြင်နေတဲ့ရူတိုရဲ့လက်ကိုယိုရှီအသာ
လှမ်းဆွဲလိုက်ရင်း သက်ပြင်းချလိုက်
မိသည်။"ဟင်းးး"
အကိုစိတ်ဆိုးသွားမှာကြောက်လို့ရူတို
အသက်ကိုအောင့်ထားလိုက်မိသည်။
အကိုကသက်ပြင်းတစ်ချက်ချပြီး
တစ်ခုခုပြောဖို့နှုတ်ခမ်းများဖွင့်ဟ
လာသည်။ခပ်ဟဟဖွင့်သွားတဲ့နှုတ်
ခမ်းပါးလေးများကတစ်ခါတစ်လေ
ရင်ကိုကွဲစေတဲ့စကားများကိုအသံ
ချိုချိုလေးနဲ့ပြောတတ်သည်မဟုတ်
ပါလား။"မနွှာနဲ့တော့ကိုယ်မစားတော့ဘူး
နောက်ပြီးနောက်တစ်ခါတောင်းပန်
စကားကိုလွယ်လွယ်မပြောနဲ့...ကိုယ်
အိပ်နှင့်တော့မယ်..."အကိုကအခန်းထဲကိုတဖြေးဖြေးလျှောက်
ဝင်သွားသည်။ရူတိုလဲဘာမှများများ
မတွေးတော့ပဲကျန်တဲ့လမ္မော်သီးတွေကို
သိမ်းကာအကို့နောက်ကိုလိုက်ဝင်လိုက်
သည်။သူအကို့အိမ်ကိုပြောင်းလာတာ
မကြာသေးပေ။တစ်ပါတ်ကျော်လောက်
သာရှိဦးမည်။ရူတိုကအကိုနဲ့အတူနေ
ချင်၍တောင်းဆိုမိတော့အကိုကမငြင်း
ပဲလက်ခံပေးခဲ့သည်။အဲ့နေ့ကရူတို
အပျော်လွန်ပြီးအထုတ်ပိုးတွေဆွဲကာ
ချက်ချင်းအကို့အိမ်ပြောင်းချလာခဲ့မိ
သည်။