ယိုရှီကျောင်းပွဲတော်ရှိတာမို့စာရင်း
ကိစ္စများနှင့်အလုပ်ရှုပ်နေတုန်းမှာ
ပင်ကျောင်းသားတစ်ယောက်အနား
ရောက်လာပြီး..."ဆရာ...အောက်မှာဆရာ့ကိုလူတစ်
ယောက်မေးနေတယ်""ဘယ်သူလဲ"
"ဟို...အရမ်းချောတဲ့လူတစ်ယောက်ပဲ"
ဘယ်သူလဲဆိုတာသိလိုက်တာမို့
ယိုရှီထိုကျောင်းသားကိုခေါင်းငြိမ့်
ပြလိုက်ပြီးရှေ့ကပစ္စည်းအချို့ကို
သိမ်းဆည်းလိုက်သည်။အောက်ကို
ရောက်တော့ရှာစရာမလိုပဲလူကြား
ထဲမှာထင်းနေတဲ့ထိုကောင်လေး။
ကျောင်းသူများကလဲထိုကောင်လေးကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ရူတိုထိုင်နေတဲ့နားကိုဖြေးဖြေးချင်း
လျှောက်သွားလိုက်ပြီး..."ဘာလို့လာတာလဲ...ရူတို"
နှုတ်ကမေးရင်းဘေးနားဝင်ထိုင်လာ
တဲ့အကိုကြောင့်ရူတိုနှာခေါင်းထဲဝင်
လာတဲ့အကို့ရဲ့ကိုယ်သင်းနံ့ကခပ်မွှေး
မွှေး..."အကို နေ့လည်စာတောင်မစားရ
သေးဘူးဆိုအဲ့ဒါကြောင့်ထမင်းဘူး
လာပို့တာ""ရူတိုကအပိုအလုပ်တွေသိပ်လုပ်တာပဲ"
မျက်ခုံးတွေတွန့်ချိုးပြီးခပ်ဆောင့်
ဆောင်ပြောလာပေမဲ့ရူတိုကမ်းပေး
တဲ့ထမင်းဘူးလေးကိုတော့အကိုက
မငြင်းပဲယူလိုက်ပါသည်။လက်ထဲ
ရောက်လာတဲ့ထမင်းဘူးလေးကို
အသာဖွင့်ကြည့်တော့အသဲပုံကြက်ဥ
လေးကကလေးဆန်လွန်းလှသည်။ဒါပေမဲ့ယိုရှီနှုတ်ခမ်းတွေကိုတွန့်ကွေး
သွားစေနဲ့အထိစွမ်းဆောင်နိုင်သည်။ပါလာတဲ့ဇွန်းနဲ့ထမင်းတစ်ဇွန်းယူစား
လိုက်တော့ စိတ်ထဲကချီးကျူးမိသွား
သည် မုန့်လုပ်တာအပြင်ထမင်းဟင်း
ချက်လဲတော်တာပဲဟူ၍...."အကို...စားကောင်းလား"
"အွန်း"
တစ်ခွန်းသာပြန်ဖြေပြီးအကိုက
ထမင်းကိုအဆက်မပြတ်စားနေသည်။
ရူတိုအကို့မျက်နှာလေးကိုကြည့်ပြီး
အလွန်ပျော်ရွှင်နေမိသည်။အကိုက
လေအခုဆိုသူ့ကိုအရမ်းမငြင်းဆန်
တော့ဘူး....