မြတို့လဲ ၀ယ်စရာရှိတာ၀ယ်ပြီးအိမ်ပြန်လာခဲ့သည်
သွယ်နဲ့ညို့ကတော့ အခုထိ အိမ်မှာသောင်တင်တုန်း သွယ်က
ရောက်ကတည်းက မျက်နှာထားကတည်နေသည်
ရိုးလေးကို ဟိုကောင်လေးနဲ့ တွဲမြင်လိုက်ရလို့ အူတိုနေသည်ပုံပင်
ဒေါ်ညို့နွယ် လိပ်မကတော့
ရည်းစားနဲ့တီတီတာတာပြောနေတော့သည်
အဲ့တာကြောင့်ပြောတာ
အပျိုကြီးတွေ ချစ်ပြီဆို လိုက်မမှီဘူးဆိုကိုပေါ့။
ညနေစောင်းရောက်တော့~~~~your my everything ~~~~
ဖုန်းသံပေ"ဟယ်လို မြရင်ပြောနေပါတယ်"
"တီလေး အန်တီညို့တို့ကို အဲ့မှာဘဲအိပ်ခိုင်းလို့ရမလား"
"ရိုးလေး ညဂျူတီလ့ "
"ဟုတ်တယ်တီလေးရဲ့ မနက်က နွယ်က ကူတော့သူကိုပါပြန်ကူရမှာ"
"ဪအေးအေး ရတယ်ရတယ် ဒါနဲ့ရိုး သွယ်မင်းကို အူတိုနေတယ်"
"အို တိုရအောင် ရိုးကသူရည်းစားမဟုတ်ဘူး တီလေး ဒါဘဲမလား ရိုးရေချိုးအုံးမယ်"
"အေးအေး"
ရိုးလဲဖုန်းချပြီးနောက်
ရင်ဘက်ပေါ် လက်ကလေးတင်ကာ
အန်တီက။ငါကို ဘာလို့အူတိုနေရတာလဲ
သူသာငါက်ုချစ်တယ်ဆိုရင်
အစကတည်းက ပြန်ချစ်မှာလေ
ဘာလိုငြင်းခဲ့သေး
သုံးနှစ်လောက် မေ့နိုင်အောင်နေသားကျအောင်နေဆဲ့အချိန်မှာ ပြန်တွေတော့လည်း
ဒဏ်ရာက အသစ်ဖြစ်လာပြန်တယ်ခက်တယ် အန်တီ
__________
"သွယ်နဲ့ညို့ရေ""ဘာတုန်း"
"ငါတူမက နင်တို့ကိုဒိမှာ အိပ်ခိုင်းလိုက်တယ်
သူက ဂျူတီရှိလို့တဲ့ကွ""နွယ်ကကော"မယားတရူးလို့တောင်ပေးရမယ်
ရူးချက်ဘဲ"ညို့နွယ် နင်မယားတရူးတယ်နော်
""အို ရူးသင့်ရင်တော့ရူးရမှာဘဲ"
"ရူးရူး နွယ်ဂျူတီကညဘက်မှ မနက်က ရိုးလေး ရိုးလေးက ဂျူတီမှာလူနာတအားများလို့နွယ်ကိုကူခိုင်းတာ အခု အတူ ညဂျူတီပြန်၀င်ရမှာ မယားတရူးမရဲ့"
"ဟိုကောင်လေးကောပါမှာလား"မေးသူမှာဒေါ်မျက်သွယ်
"ဘယ်ကောင်လေးလဲမျက်သွယ်ရဲ့"