Uni
မနက်လင်းအာရုံရောက်လို့ အားလုံးအိပ်ရာထချိန်ဝယ် Din သူ့အခန်းထဲမှအထွက် အခြားအခန်းအသီးသီးမှ ထွက်လာတဲ့ Tob နဲ့ Watကို ဆုံတာမို့ အချင်းချင်းနှုတ်ဆက်ပြီး အောက်ထပ်မီးဖိုချောင်သို့
အသီးသီးစကားပြောရင်း ဆင်းလာခဲ့လေတယ်။မီးဖိုချောင်ထဲမှ အသံပလံတွေကြောင့် သုံးယောက်
သား ချောင်းကြည့်မိတော့မှ သူတို့ရဲ့ P'Daou တယောက် အိုးတလုံးနဲ့အလုပ်ရှုပ်နေတာ တွေ့ရလေသည်။သူတို့၄ယောက်သား တယောက်တလှည့်စီ ချက်ပြုတ်နေကျမို့ ဒီလိုမြင်ကွင်းကအထူးအဆန်းရယ်တော့မဟုတ်ပေ ။ တယောက်ရှိ တယောက်ရှင်းတာမို့ အိမ်အကူတော့မထားပေ။
အပြင်လူအများကြီးရှိတာလဲ သူတို့အတွက်မကောင်းပေ ။ အခုစံအိမ်က သူတို့၄ယောက် သီးသန့်နေထိုင်တဲ့ ၃ထပ်တိုက်ဖြစ်လေသည်။ ကျန်တဲ့ဂိုဏ်သားတွေကိုတော့ တနေရာသီးသန့်မှာ နေရာချထားပေးခြင်းဖြစ်လေသည်။ကျန်သုံးယောက်လဲ စားပွဲရှိ နေရာကိုယ်စီတွင် ဝင်ထိုင်လိုက်ကြလေသည်။
ထိုင်ပြီးချင်း Din မှ လှမ်းမေးလေသည်။'P ဒီနေ့ဘာချက်တာလဲ '
'ကြက်သားဆန်ပြုတ် '
'ဘာလို့ဆန်ပြုတ်ကြီးလဲ တခြားဟာမရှိဘူးလား '
'စားချင်စား မစားချင် ကို့ဘာသာချက် '
သူ့အားပြောပြီးနောက် အိုးထဲမှဆန်ပြုတ်အနည်းငယ်အား ပန်းကန်လုံးထဲသေချာထည့်လို့ ရေတခွက်အတူပါသော ဗန်းအားသယ်လို့ မီးဖိုချောင်းအပြင်ဘက်သွားမည် လုပ်သည်မို့ Dinက လှမ်းမေးရလေသည်။
'အာ... P !'... ဒါဘယ်သွားမို့လဲ '
'သူ့အတွက် '
'Pကော စားပြီးပြီလား '
'ခဏနေမှစားလိုက်မယ် မင်းလဲအဆင်သင့်ပြင်တော့ အလုပ်သွားစရာရှိတယ်မလား '
'ဟုတ်ကဲ့ P '
'သူနိုးလာပြီလား P '
သူ့P ၏ အဖြေအားDinက အော်တလုံးဆိုပြီး သူတို့သုံးယောက်စားရန်အတွက် ထပြင်ဆင်လေသည်။ Wat က လဲ Offroad အကြောင်းမေးမြန်းမိတော့ ....
![](https://img.wattpad.com/cover/375939723-288-k162176.jpg)
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...