3

6 0 0
                                    

"ဆောင်းဟွန်း....ပြန်လာပြီလား?"

"အင်း..." အိမ်ပေါက်ဝကနေသူ့ကိုစောင့်နေတဲ့ဟီဆွန်းရဲ့အမေးကိုပြန်ဖြေမိသည်။

"ငါ မင်းရေချိုးဖို့ ရေနွေးစပ်ပေးမယ်...အေးဆေးအိမ်ပေါ်တက်လာခဲ့နော်" သူ့လက်ထဲက ကုတ်အင်္ကျီကိုအတင်းလုယူပြီး အိမ်အပေါ်ထပ်ပြေးတက်သွားတဲ့သူကိုကြည့်ပြီး သက်ပြင်းခပ်ဖွဖွသာချမိသည်။

အခန်းထဲကိုရောက်တော့ အင်္ကျီချိတ်တဲ့နေရာမှာချိတ်ထားတဲ့ဟီဆွန်းရဲ့ကုတ်အင်္ကျီကိုတွေ့တော့ မျက်မှောင်ကြုံ့မိသေးသည်။ သူ့ကိုမပြောဘဲ အပြင်သွားခဲ့သေးတာလား?

"ဆောင်းဟွန်း... ရေနွေးစပ်ပြီးပြီ။ညစာစားဖို့စောင့်နေမယ်နော်"

အင်္ကျီလက်ခေါက်တင်လျက်နဲ့ ရေချိုးခန်းထဲကထွက်လာတဲ့သူ့ကိုကြည့်မိတော့ ဘယ်ဘက်လက်ကောက်ဝတ်က အပြာရောင်လက်ပတ်လေးကထင်းနေသည်။
အိပ်ရာပေါ်တက်ပြီးအရုပ်ပိုက်ကာထိုင်ဖို့လုပ်နေသည့်သူ့ကို လက်ကောက်ဝတ်ကနေဖမ်းဆွဲမိလိုက်သည်။

"ဘာ...ဘာဖြစ်လို့လဲ?"

"ဘယ်သွားခဲ့တာလဲ?"

"ဟင်...ဘယ်မှမသွားပါဘူး။"

ဂနာမငြိမ်တဲ့မျက်ဝန်းတွေနဲ့သူ့ကိုကြည့်ရင်း တံတွေးမြိုချနေတဲ့ပုံစံကိုမြင်တာနဲ့ လိမ်နေမှန်းတအားသိသာနေသည်။

"ငါ့ကိုလိမ်ဖို့ကြိုးစားနေတာလား?"

"မ...မဟုတ်ပါဘူး။"

"အဲ့ဒါဆို ငါမေးနေတာကို အမှန်အတိုင်းဖြေလေ!!"

အသံကိုမြှင့်ပြီးအော်ပြောလိုက်တော့ သိမ့်ခနဲတုန်သွားသည့်ခန္ဓာကိုယ်လေး။ သူ့ကိုအဲ့လောက်ကြောက်သလား?

"ညနေက ဂျောင်ဝန်းရောက်လာလို့ အပြင်မှာမုန့်ဝယ်ကျွေးမယ်ပြောလို့ ခဏသွားတာပါ။"

"အဲ့ဒီတော့ ငါ့ကိုတောင်အကြောင်းမကြားဘဲ သွားတယ်ပေါ့?"

"အဲ့...အဲ့ဒါက.. တောင်းပန်ပါတယ်...နော်?"

သူ့လက်နှစ်ဖက်လုံးကိုဆွဲကိုင်ပြီး မျက်နှာငယ်လေးနဲ့ပြောလာသည့်အစ်ကို။

HELLISH 「HEEHOON」Where stories live. Discover now