အခင်းဖြစ်ရာနေရာကနေထွက်ပြေးလာပြီးနောက်မှာ အစ်ကိုနဲ့အမြဲအတူနေလာခဲ့တဲ့အိမ်လေးဆီကိုသာ ဦးတည်ခဲ့မိသည်။အခန်းထောင့်မှာထောင့်ချလိုက်ပြီး ဒူးကိုဖက်ကာငိုချလိုက်မိသည်။ငိုနေရင်းမှာပဲ လွန်ခဲ့တဲ့(၇)နှစ်ကအဖြစ်အပျက်ကိုပြန်တွေးမိသေးသည်။
လွန်ခဲ့တဲ့(၇)နှစ်....။
အစ်ကိုက (၁၉)နှစ်...အထက်တန်းပြီးလို့ သူသဘောကျတဲ့တက္ကသိုလ်မှာ အနုပညာမေဂျာကို စတက်နေခဲ့တဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်။
ကျွန်တော်က (၁၈)နှစ်မပြည့်ခင်လေး။ အထက်တန်းနောက်ဆုံးနှစ်။ ကျောင်းကပွဲမှာတစ်ခုမှာ အစ်ကိုနဲ့စတွေ့ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သဘောကျပြီး လက်တွဲခဲ့ကြတာပဲ။ အဲ့ဒီနေ့က အစ်ကိုနဲ့ကျောင်းဆင်းရင်တွေ့ဖို့ချိန်းထားခဲ့တာ။ ဒါပေမယ့် ကံကြမ္မာက အရာအားလုံးကိုမွှေနှောက်ပစ်လိမ့်မယ်လို့ ကျွန်တော်တို့နှစ်ယောက်မတွေးထားခဲ့။
လမ်းရဲ့တစ်ဖက်မှာ အပြုံးချိုချိုလေးနဲ့အတူ ရပ်စောင့်နေတဲ့အစ်ကို့ဆီကိုအမြန်ပြေးသွားမိသည်။ဘာတွေဘယ်လိုဖြစ်သွားလဲမသိပေမယ့် ဟွန်းသံအရှည်ကြီးကိုကြားလိုက်ရပြီးနောက်မှာ အစ်ကို့ရဲ့စိုးရိမ်တကြီးအော်သံကိုကြားလိုက်ရသည်။ ထို့နောက် သူ့ကိုတစ်ယောက်ယောက်ကိုတွန်းထုတ်လိုက်သည်ကိုခံစားမိပြီး တစ်ခုခုကိုပြင်းပြင်းထန်ထန်တိုက်မိသံကိုကြားလိုက်ရသည်။ လမ်းဘေးကိုလွင့်ထွက်သွားသည်နောက်မှာ ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းဟာ ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သွားသလိုပဲ။ သွေးအိုင်ထဲမှာ လဲနေတဲ့သတိမရှိတော့တဲ့အစ်ကို။ ဒါပေမယ့် သူ့ကိုကယ်လိုက်ရင်းဖြစ်သွားတယ်ဆိုတဲ့အတွေးဟာချက်ချင်းဝင်လာသည်မလို့ အစ်ကို့နားကိုမသွားရဲဘဲ ခြေလှမ်းတွေဟာဝေးရာကိုပြေးမိတာပဲ။ ထွက်ပြေးခဲ့ပြီးနောက်မှာ အစ်ကိုဦးနှောက်ထိခိုက်သွားပြီး ဉာဏ်ရည်ချို့ယွင်းသွားတယ်ဆိုတဲ့သတင်းကိုကြားခဲ့ရတယ်။ ဒါပေမယ့် အစ်ကိုက သတိရရချင်းမှာ ကျွန်တော့်ကိုရှာနေခဲ့တယ်တဲ့။
"ဟေ့ကောင်!! ပတ်ဆောင်းဟွန်း!!! တံခါးဖွင့်စမ်း"
"Yaaaa....မင်းအထဲမှာရှိတာသိတယ် တံခါးဖွင့်"
YOU ARE READING
HELLISH 「HEEHOON」
Fanfiction-HEESEUNG x SUNGHOON -Re-upload after 3 years(I guess). Some may remember this story and some might be the new reader to this. To everyone who check out this one, thank you so much