"မြန်မြန်လုပ်လေ ဘယ်လိုဖြစ်ပြီးကြာနေတာလဲ"
လေဆိပ်သွားရန်နောက်ကျတော့မည်ဖြစ်၍အခုထိထွက်မလာသေးသောလူအားသတိပေးရန်အခန်းထဲသို့ဝင်လိုက်ချိန်မြင်တွေ့လိုက်ရသည့်မြင်ကွင်းကသူ့ရင်ကိုလှုပ်ခတ်စေသည် အဖြူရောင်ရှပ်နှင့်မိုးပြာရောင်ဂျင်းဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားပုံမှာရိုးရှင်းလွန်းသော်လည်းဒီနေ့မှတမူထူးခြားကာလှပလွန်းနေသည် သူမျက်မှောင်ကျုံ့လိုက်မိသည် နေပါဦး ကြယ်သီးကဘယ်နှလုံးတောင်ဖြုတ်ထားတာလဲ အထဲကရင်ဘတ်ဖွေးဖွေးကိုပင်မြင်နေရပြီဖြစ်သည် ။
"ပြီးပြီ သွားမယ်"
"ကြယ်သီးတပ်လိုက်"
"မတပ်ပါဘူး"
"စိတ်တိုအောင်မလုပ်နဲ့နော် ဂျောင်ဟိုဆော့
ဘယ်ကောင့်ကိုပြချင်လို့လဲ"
"ကင်မ်ထယ်ယောင်း! မင်းသောက်တရားလွန်မလာနဲ့နော် ငါ့ဟာငါဝတ်ချင်သလိုဝတ်မယ်သောက်ရူးထမနေနဲ့ သွားမယ် မင်းမလိုက်ချင်နေခဲ့"
ပြောပြီးလှည့်ထွက်သွားသူကိုလက်ကောက်ဝတ်မှဆွဲလှည့်လိုက်သည်
"အ့ နာတယ်လေ"
"ဘာလုပ်တာလဲ"
"ကြယ်သီးတပ်ပေးနေတာလေ ပြန်ဖြုတ်ရဲဖြုတ်ကြည့် လူကြားထဲအဲ့နှုတ်ခမ်းတွေပေါက်ပြဲသွားအောင်လုပ်ပေးမယ်"
"ဟက် မင်းကငါ့ကိုထိုးမယ်ပေါ့လေ ငါကကြောက်မယ်လို့ထင်နေတာလား"
"ထိုးမှာမဟုတ်ဘူး နမ်းမှာ"
ပြောပြီးထွက်သွားတဲ့လူကို ကြောင်ကြည့်ရင်းတောင့်တောင့်ကြီးကျန်နေခဲ့သူကဟိုဆော့သာ
ရင်တွေအဆမတန်ခုန်လာကာ နှုတ်ခမ်းကိုလက်နဲ့ကာမိသွားသည်။
"ဟာ့! ဒီကောင်သောက်ရူးလာထနေတာပဲ ငါက ငါကဘာလို့ရင်ခုန်ရမှာလဲ မဟုတ်တာတွေ"
"မဆင်းလာသေးဘူးလား"
အောက်ထပ်ကထယ်ေယာင်းအော်သံကြောင့်ဟိုဆော့အလျင်အမြန်ပဲဆင်းဖို့လုပ်ရတော့သည် ကြယ်သီးပြန်ဖြုတ်မဲ့အတွေးကတော့ဘယ်လိုတောင်ပျောက်သွားလဲမသိလိုက်ချေ