"ထယ်ယောင်း! ကင်မ်ထယ်ယောင်း!!"
အိပ်မောကျေနစဉ်နားနားကပ်အော်လိုက်သည့်အသံကနားစည်အတွင်းပိုင်းထိရိုက်ခတ်သွားသည်။
အ့"
စူးရှသောအော်သံနဲ့အတူတင်းပါးကိုအားပြင်းပြင်းနှင့်ကန်ချလိုက်သောကြောင့်ကုတင်ပေါ်မှပြုတ်ကျသွားခြင်း
"ဂျောင်ဟုိေဆာ့! မင်းဘယ်လိုလုပ်လိုက်တာလဲ နာလိုက်တာကွာ"
"လုပ်မှာပဲ မင်းကိုပြောထားပြီးသားလေ ဒီစည်းကိုမကျော်နဲ့လို့ အဲ့ဒါကိုမှကျော်လာရင်တော့လုပ်ရမှာပဲ"
"ကျစ် ငါအိပ်နေတာကိုဘယ်သိမှာလဲကွာ"
"အဲ့ဒါကြောင့်ဆိုဖာပေါ်သွားအိပ်လို့ပြောတာပဲလေ မင်းဟာမင်းမအိပ်တာခံပေါ့"
"အိပ်ချင်မင်းသွားအိပ်ပါလား"
"ငါကအိပ်စရာလား ဒါငါ့အိမ်လေ ငါ့မိဘတွေအိမ် ဆိုဖာပေါ်အိပ်မဲ့အိပ်မင်းကအိပ်ရမှာ"
"တော်ပြီကွာ ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး"
"ငါကလဲမင်းနဲ့သောက်စကားကိုးမပြောချင်တာ"
ပြောပြီးတာနဲ့လူကိုတွန်းတိုက်ကာရေချိုးခန်းထဲသို့ဝင်သွားလေ၏
တကယ်ပါ ချစ်လို့သာသည်းခံနေရတာ ဒီလောက်လူပါးဝနေတာ စိတ်ရှိတိုင်းသာလုပ်ပစ်လိုက်ရရင်သူပဲထက်ပြီးအမုန်းခံရအုန်းမှာမလို့စိတ်လျှော့ထားရသည်။
ဟိုဆော့မိဘတွေရဲ့ဖိအားပေးမှုကြောင့် ဟိုဆော့ကသူ့ကိုလက်ထပ်ယူလိုက်ရသော်လည်း လုံးဝကျေနပ်ပုံမပေါ် ဟိုေဆာ့နဲ့သူ့ရဲ့မပြေလည်သောဆက်ဆံရေးကြောင့်ဟိုဆော့မိဘများကလက်ထပ်ပြီးတစ်လအကြာသူတို့အိမ်တွင်လာနေရန်ဖိအားပေးခဲ့ပြန်သည် ထိုကိစကြောင့်လည်းယခုထိတိုင်ဟိုဆော့တစ်ယောက်မကျေနပ်သေးပေ။
"သားထယ်"
"ဗျာ"
"သားတို့အခန်းထဲက ဆူညံနေလို့လာကြည့်တာဘာဖြစ်ကြတာလဲ"
"ဘာမှမဟုတ်ပါဘူး မေမေ ကျနော်အိပ်နေရင်းကုတင်ပေါ်ကပြုတ်ကျတာပါ"
"ဪအဲ့ဒါဆိုလဲ နှစ်ယောက်လုံးရေမိုးချိုးပြီးဆင်းခဲ့လေ ဖေဖေကမင်းတို့ကိုပြောစရာရှိလို့တဲ့"
![](https://img.wattpad.com/cover/353392410-288-k653368.jpg)