သူများအိမ်က အငယ်ဆုံးသားလေး အချောဆုံးသားလေး
ဟော...ချစ်စရာအကောင်းဆုံးသားလေး
ရုပ်ရည်ရူပကာအရ လူကြီးတွေကတော့ပြောတယ် ဒီကောင်
လေးကြီးလာရင် တော်တော်ချောမှာတဲ့ ဒီစကားသိပ်မှန်
သွေးထွက်အောင်မှန်တယ်ကြီးမှမပြောနဲ့ ငယ်ငယ်ထဲတောင် တော်တော်ချောချောက
လေးဖြစ်နေပြီအိမ်ကအမနှစ်ယောက်ကတောင် သဲသဲလှုပ် အမနှစ်ယောက်
ရဲ့ကွာခြားချက်ကတော့ မမငယ်က ချစ်တတ်တယ်အချစ်
ကြီးပြီးတော့ ထုတ်မပြတတ်တဲ့ပုံစံမမကြီးကတော့အဲ့လိုမဟုတ် ချစ်ရင်ချစ်ကြောင်းတဖွဖွပြော
ပြီး အာဘွားတွေလည်းအများကြီးပေးတတ်သေးတာသူကလည်း မမကြီးရဲ့အကျင့်တွေအကုန်ရထားသလိုတောင်
ဖြစ်နေပြီ အိမ်ကလူကြီးတွေရော သူ့ထက်အငယ်လေးတစ်
ယောက်ဖြစ်တဲ့ ဝမ်းကွဲညီလေး ဆောနူတောင်မှ မမကြီးဆီ
ကအကျင့်တွေရထားသေးသည်။ဒါကြောင့် သူတို့မိသားစုမှာ တစ်ခုခုကျေးဇူးတင်ရင်ဖြစ်ဖြစ်
ချစ်စရာကောင်းရင်ဖြစ်ဖြစ် ပျော်ရင်ဖြစ်ဖြစ် တစ်ခါတစ်လေ
ဝမ်းနည်းစရာကြုံလို့ ငိုနေတာဖြစ်ဖြစ် အာဘွားကပေးနေ
ကြဘဲတအားတွေ အသည်းယားပြီးအချစ်တွေပိုနေရင်တော့နှုတ်
ခမ်းလေးကို မွ ဆိုပြီ ထိကပ်ရုံနမ်းလိုက်တာမျိုးအဲ့တာတွေကလည်း မမကြီးအစလုပ်ထားတာမို့ သူရော
သူ့ဝမ်းကွဲမောင်နှမတွေရော အာဘွားပေးတာကိုအထူးအဆန်း
ဖြစ်မနေတော့ ဒီတိုင်းနမ်းလိုက်တာဘဲသူ့အသက်၆နှစ် ဆောနူ၅နှစ် ကျောင်းတက်တုန်းကပေါ့
ဆောနူရဲ့ကျောင်းစောတက်မှုကြောင့် ညီအကိုတွေတစ်တန်း
ထဲကျသည်။"ဆောနူ ကိုကိုဒါလေးလိုချင်လို့"
"မရဘူးလေ ကိုကို့ ကိုဟိုနေ့ကဝယ်ထားပေးပြီးပြီးမဟုတ်လား"
"အဲ့တာကိုကို ကျပျောက်သွားလို့"
ဆောနူ မျက်စောင်းက သူ့ဆီကိုဒိုင်းခနဲ
ဆောနူလည်း ပစ္စည်းတွေပျောက်တတ်ပေမဲ့ သူ့လောက်ထိ
တော့ မဟုတ် သူကတော့တစ်နေ့တစ်မျိုးမရိုးရအောင်ပျောက်
သည်။အိမ်ကလည်း အငယ်ဆုံးဆိုပြီး အလိုလိုက်ထားတာမို့
မေမေနဲ့မမကြီးက လိုအပ်တာဝယ်ပေးသည်။