အခန်း၁: ဝတ္ထုထဲကူးပြောင်းပြီး ငါ့ယောကျာ်းကငါ့နို့ကိုထိ

7.4K 64 0
                                    

ချင်းချင်း မှာမွေးကတည်းကကံမကောင်းပေ။သူမဘဝကအရမ်းဆိုးရွားလှသည်။ သူမမိဘများကသူမအတွက် စက်ရုံရဲ့ကြီးကြပ် ရေးမှူးနဲ့အိမ်ထောင်ချပေးခဲ့သည်။သူမတို့နေတဲ့‌ ‌ နေရာကဝေးလံခေါင်းပါးတဲ့နေရာဖြစ်တဲ့အတွက် လစာမှာယွမ်၇၀၀ ကအတော်အတင့်များသည်။

သူမတို့ခေတ်က တင်တောင်းငွေများ အများကြီးမလိုပေ။

ချင်းချင်းကစက်ရုံမှာအလုပ်လုပ်တဲ့ကောင်မလေးဖြစ်ပြီး သူမယောကျာ်းကသူမရဲ့အတက်လူကြီး ဖြစ်သည် ။သူမတို့ နှစ်ပေါင်းများစွာအလုပ်တူတူလုပ်လာပြီးနှောက် နှစ်ယောက်သားလိုက်ဖက်သည်ဟုတွေးပြီးလက်ထပ်လိုက်ကြသည်။

မမျှော့်လင့်ထားပဲသူမယောကျာ်းက လဝက်အကြာမှာ ကားတိုက်ပြီး ဆုံးသွားခဲ့သည်။ သူမကိုကံဆိုးတဲ့ မုဆိုးမဟုရွာကလူတွေသတ်မှတ်ကြပြီး ရွာထဲကယောကျာ်းတွေကသူမကိုရှောင်ဖယ်ကြသည်။ သူမထပ်ပြီး အိမ်ထောင်ပြုဖို့ဆိုတာမဖြစ်နိုင်တော့ပေ။
.
.

ဒီဇာတ်အိမ်ကတော့ ၂၁ရာစုက ချင်းချင်း မအိပ်ခင်ဖတ်ထားသောဝတ္ထုဖြစ်သည်။ ဝတ္ထုထဲချင်းချင်း ကဇာတ်လိုက်လဲမဟုတ်သလို ဇာတ်ပို့လဲမဟုတ်ပေ။ သူမက ခဏသာပေါ်လာတဲ့ဖြတ်သွားဖြတ်လာပင်ဖြစ်သည်။ သူမအကြောင်းကိုစာရေးဆရာမကအနည်းငယ်သာရေးထားပေမဲ့ မျှော့်လင့်မထားပဲ ၂၁ရာစုက ချင်းချင်းက ဝတ္ထုထဲသို့ကူးပြောင်းသွားခဲ့သည်။

သူမကမအိပ်ခင်စာဖတ်တဲ့အလေ့ကျင့်ရှိသည်။ သူမဒီဇာတ်ကောင်ကိုမှတ်မိနေတာက ဇာတ်ကောင်ကသူမနာမည်နဲ့တူနေသောကြောင့်ဖြစ်သည်။ သူမအိပ်ငိုက်လို့အိပ်လိုက်တာစာအုပ်ထဲရောက်သွားခဲ့သည်။ သူမက (ဖြတ်သွားဖြတ်လာA)မုဆိုးမ ချင်းချင်းဖြစ်နေပေမဲ့ သူမယောကျာ်းသေသွားတာတစ်နှစ်ကြာပြီဖြစ်လို့ သူမထပ်လက်ထပ်လို့ရပြီဖြစ်သည်။

ပိုက်ဆံရဖို့အတွက် အောင်သွယ်တော်ကသူမကို တခြားယောကျာ်းလေးနဲ့မိတ်ဆက်ပေးဖို့ကြိုးစားပေမဲ့ရွာထဲကလူတွေက သူမအကြောင်းကိုသိထားတာဖြစ်လို့ သူမကိုမယူရဲကြပေ။

မူရင်းဇာတ်ကောင်မိသားစုကမချမ်းသာသလို သူမကမူလတန်းပဲအောင်ထားသည်။ သူမကျောင်းပြီးတော့စက်ရုံမှာအလုပ်ဝင်ခဲ့သည်။  အိမ်ထောင်ကျပြီးရင်ကံကောင်းမည်ဟုထင်ခဲ့ပေမဲ့ သူမယောကျာ်းက ကားတိုက်ပြီးသေသွားခဲ့သည်။

ဝတ္တုထဲကူးပြောင်းပြီးနောက် ငါယောကျာ်းရသွားတယ်(ဘာသာပြန်)Where stories live. Discover now