ချင်းချင်းက နာရီဝက်လောက်ကြာတော့ရေချိုးပြီးပြန်လာတဲ့သူ့ကိုကြည့်လိုက်တာ ဘောင်းဘီပြန်ဝတ်ပြီးနေပြီ။ သူရေအေးအေးချိုးလိုက်တာကြောင့် ပြန်ရောက်တဲ့အချိန် သွေးသားဆာလောင်မှု ရမ္မက်ဆန္ဒတွေလဲမရှိတော့ပေ။
ချင်းချင်း မအိပ်သေးပေမဲ့ သူမမျက်နှာတော့ထူထပ်နေတဲ့မိတ်ကပ်နဲ့ဖုံးထားသည်။ရွာက လူတွေကမိတ်ကပ်ဘယ်လိုလိမ်းရလဲဆိုတာကိုမသိပေ။ လက်ထပ်ပွဲဖြစ်တာမို့ ချင်းချင်းက သူမအသားရည်ပိုဖြူလာအောင်မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းရဲလာအောင်ပရုတ်ဆီလိမ်းထားသည်။
ရှီချန်ပြန်လာတာမြင်တော့ မူလချင်းချင်းရဲ့ အဝတ်အစားများကိုဝတ်ပြီး သူမရေချိုးရန်ထွက်လာခဲ့သည်။ သူတို့ဒေသမှာထင်းမီးကိုသုံးပြီးရေတည်ကြသည်။ ရှီချန်က ရေအေးပဲချိူးလိုက်ပေမဲ့ သူမအတွက်ရေနွေးတည်ထားသည်။
မီးဖိုဆောင်က မီးဖိုကပူနေသေးသည်။ရှီချန်နာရီဝက်မှရေချိုးပြန်လာတာ ရေနွေးတည်နေခြင်းဖြစ်မည် ဟုသူမတွေးလိုက်သည် ။ ရေချိုးခန်းက အိမ်အပြင်ဖက်မှာရှိတာမို့ သူမလိုက်ကာကိုဆွဲချကာရေနွေးနဲ့ရေချိုး ရန်ပြင်လိုက်သည်။တဘက်နဲ့ သူမမျက်နှာပေါ်ကမိတ်ကပ်တွေကိုသုတ်လိုက်သည်။ မိတ်ကပ်ဖျက်ဆေးမရှိတော ဖျက်စရာနည်းကဒါပဲရှိလေသည်။
မိတ်ကပ်ဖျက်ပြီးနောက်သူမရေချိုးလိုက်သည်။ ရေချိုးပြီး သူမလန်းဆန်းသွားတဲ့ခံစားချက်ရလိုက်သည်။ရေချိုးပြီးပြန်လာတော့ ရှီချန်ကအခန်းထဲသူမကိုစောင့်နေသည်။ရှီချန်အိပ်ယာခင်းလိုက်ပြီး သူမကို
'အိပ်တော့'
ဟုပြောလိုက်သည်။သူတို့မဂ်လာဦးညမှာ သူမတို့ ဘာမှမဖြစ်ခဲ့ပေ။ ချင်းချင်း ကတော့ ရှီချန်ရဲ့အကြည့်ကြောင့်ဆွဲဆောင်ခံလိုက်ရပြီ။ သူမစာအုပ်ထဲစရောက်လာတုန်းက ကွာရှင်းဖို့တွေးနေခဲ့ပေမဲ့ အခုတော့
'အိမ် ထောင်ကျတာလဲကောင်းပါတယ်'
ဟုတွေးလိုက်သည်။ရှီချန်ကသူမစံနှုန်းတွေနဲ့ကိုက်ညီတဲ့ယောကျာ်းလေးဖြစ်သည်။ သူမလှဲအိပ်လိုက်သည်။ ရှီချန်ဘာလို့ဆက်မလုပ်တာလဲ ဆိုတာသူမမေးချင်ပေမဲ့ သူမရှက်နေသည်။
YOU ARE READING
ဝတ္တုထဲကူးပြောင်းပြီးနောက် ငါယောကျာ်းရသွားတယ်(ဘာသာပြန်)
Fanfiction၂၁ရာစုက မိန်းကလေးက ၁၉၈၀ကို ကူးပြောင်းသွားပြီးနောက် ယောကျာ်းရဲ့စားတာကိုနေ့တိုင်း ခံရတဲ့ficပါ😑