အဘိုးချန်းသည် လော့ချယ်က သူ့မြေးဖြစ်ကြောင်း သေချာသော်လည်း DNA စစ်ဆေးမှုရလဒ်များ ထွက်မလာမချင်း သူ့ပတ်ဝန်းကျင်ရှိ အရင်းနှီးဆုံးနှင့် ယုံကြည်စိတ်ချရသောလူများမှလွဲ၍ မည်သူ့ကိုမျှ ပြောပြရန် အဆင်သင့်မဖြစ်သေးချေ။
သူ မပြောပြမည့်သူများထဲတွင် ချန်းကျစ်သည်လည်း သဘာဝကျကျပင် ပါဝင်၏။
လော့ချယ် ချန်းမိသားစုထံပြန်လာသည်နှင့် ချန်းကျစ်သည် အကြီးမားဆုံးဆုံးရှုံးမှုကို ရင်ဆိုင်ရလိမ့်မည်ပင်။အရင်တုန်းကတော့ ချန်းကျစ်သည် ချန်းမိသားစုကို အမွေဆက်ခံရန် ဖြစ်နိုင်ခြေအရှိဆုံးသူဖြစ်သော်လည်း လော့ချယ်ပြန်လာပြီးနောက်တွင် ချန်းကျစ်သည် သူ့ရှယ်ယာကို ရတော့မည်မဟုတ်ချေ။
Mr. ချန်းသည် လူများ၏စိတ်နှလုံးကို မစမ်းသပ်ချင်ဘဲ အပိုအတားအဆီးများကို ရှောင်ရှားလိုသည်။ ချန်းကျစ်နှင့် ရင်ဆိုင်ရသည့်အခါ သူသည် ပေချန်းသို့လာသည့် ဤခရီးစဉ်အတွက် နှုတ်ဆိတ်နေမိသည်။
ချန်းကျစ်သည် မစ္စတာချန်းက အပန်းဖြေရန်အတွက် ပေချန်းသို့ လာသည်ဟု ထင်သောကြောင့် သူ့ခန္ဓာကိုယ်ကို အာရုံစိုက်ရန်သာ တောင်းဆိုလာသည်။
ကျန်းယွီယောင်က သစ်သီးတစ်ပန်းကန်နှင့် အပြင်ထွက်လာသည်။ ချန်းကျစ်ကိုတွေ့သောအခါ သူမက ချိုသာစွာပြုံးပြီး "စတုတ္ထအစ်ကို"
ချန်းကျစ်က မျက်ခုံးပင့်လိုက်ပြီး "မင်းလည်း ဒီကိုရောက်နေတာလား?"
သူက ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး "အဘိုး၊ ဒီမှာ ပျော်စရာတွေလုပ်ဦးလေ ကျွန်တော်တော့ လတ်တလော ဒီမြေကွက်ကိစ္စနဲ့ အလုပ်ရှုပ်နေတာ အဲဒါပြီးရင်တော့ အဘိုးနဲ့လိုက်ပေးမယ်"
Mr. ချန်းက သူ့လက်ကို ဝှေ့ယမ်းပြီး "မင်း ငါ့အတွက် စိတ်ပူစရာမလိုပါဘူး"
"ကောင်းပြီ အဘိုး ဒါဆို ကျွန်တော်သွားတော့မယ်"
ကျန်းယွီယောင် ထိုစကားကိုကြားတော့ အလျင်စလိုမေးလိုက်မိ၏။"စတုတ္ထအစ်ကို၊ ထိုင်ပြီးတော့ အသီးအနှံတွေ မစားတော့ဘူးလား?"
ချန်းကျစ်က ခပ်ဖျော့ဖျော့ပြုံးရင်း "မစားတော့ဘူး အဘိုးကိုကြည့်ပြီး စောစောအိပ်ခိုင်းနော် ကောင်းသောညပါ"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)