2 0 0
                                    

အခန်း ၂ - ဖုန့်ဟွမ် ၊ ရွှမ်းဝူ၊ ပိုင်ဟူ၊ လုံစစ်ရှုံးတိ (ဖီးနစ်၊လိပ်၊ကျားဖြူ၊ နဂါးညီနောင်လေးဖော်)

ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြရာ မိုးနတ်မင်းသားတော် နဲ့ ဖုန့်ဟွမ်နှစ်ပါးရဲ့ အချစ်ဇာတ်လမ်းကို မသိကြသူမရှိ။ မိုးနတ်မင်းသားတော် လူ့ပြည်ဆင်းသက်လာစဉ်အခါက ထကြွသောင်းကျန်းခဲ့တဲ့ လူရိုင်းမျိုးနွယ်စုဝင် ချန်းဟယ့်ရဲ့ မီးအစွမ်းတို့ကို သိမ်းယူပြီး နူးညံ့စိတ်ထားပိုင်ရှင် မုယွီဆီသို့ ထိုအစွမ်းတို့အား ပေးအပ်ခဲ့သည်။

မိုးနတ်မင်းသားတော်အပေါ် တစ်ဖက်သတ်ချစ်မြတ်နိုးစိတ်တို့ ထားရှိသော ချန်းဟယ့်မှာ မူလက အပြစ်မမြင်ခဲ့ပေမဲ့ မိုးနတ်မင်းသားတော်နှင့် မုယွီတို့ ချစ်ကျွမ်းဝင်နေသည်ကို သိရှိသွားသည့်နောက်တွင်တော့ မလိုမုန်းထားစိတ်တို့ဖြင့် မုယွီကို အကောက်ကြံဖို့ အမြဲတစေ ကြံစည်နေခဲ့သည်။ သူမ၏ အကြံအစည်တို့သည်ကား မုယွီ မီးဖွားသည့်နေ့တွင် အကောင်အထည်ပေါ်ခဲ့၏။

မုယွီ သွေးနုသားနုဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး မုယွီတို့ မျိုးနွယ်စု နေထိုင်ရာ ရွာကို ဖျက်ဆီးကာ မုယွီ၏ မွေးကင်းစ ကလေးငယ်ကိုလည်း သူမ မျက်စိရှေ့တွင်ပင် တောင်ပေါ်မှ ပစ်ချခြင်းအမှုကို ပြု၏။ မိုးနတ်မင်းသားတော်က နတ်ပြည်သို့ ခေတ္တပြန်သွားသည်ကလည်း သူမအတွက် အခွင့်သာစေခဲ့ခြင်းပင်။

သွေးနုသားနုနှင့် မိမိ၏ ကလေးငယ်ကို ဆုံးရှုံးလိုက်ရသော မုယွီမှာ စိတ်ခံစားချက်နဲ့ မီးစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ပဲ တစ်လောကလုံးကို မီးလောင်တိုက်သွင်းတော့သည်။

ဖုန့်ဟွမ် အနီဟု သတ်မှတ်ထားခြင်း ခံရသူမှ ဖုန့်ဟွမ် အနက်အဖြစ်သို့ ပြောင်းလဲခြင်းပင်။ ဟောကိန်းများအရ ဖုန့်ဟွမ်အနက်သည် လောကကြီးကို ဖျက်ဆီးလိုစိတ်ရှိပြီး ဖုန့်ဟွမ်အနီသည်သာ ကြင်နာစိတ်ဖြင့် လောကကြီးကို ကယ်တင်မှုပြု၏။

မုယွီ၏ ကြီးမားသော ဖျက်ဆီးလိုစိတ်ကြောင့် မိုးနတ်မင်းသားတော်လည်း မနေသာတော့ပဲ ချစ်ရသူကို တားဆီးဖို့ လူ့ပြည်သို့ ပြန်လည်ဆင်းသက်လာခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: Oct 06 ⏰

Add this story to your Library to get notified about new parts!

Dive into the Abyss Where stories live. Discover now