9

421 32 3
                                    

Uni

နောက်ဆုံးတော့ ဆုံပြီကွ !!!!!

Tob လဲ သန့်ရှင်းရေးအကုန် လုပ်ပြီးနောက် ကုတင်
ဘေးရှိ Daou အနားသွားရပ် ရင်း .....

' P မနက်စာဖြစ်ဖြစ်သွားစားနှင့်ပါလား ကျနော်စောင့်နေပေးမယ် '

'ငါမဆာဘူး ရပါတယ် '

Tob အ ပြောအား ငြင်းဆန်နေသူ Daouအား  Wat
မှ ဝင်ပြောရလေသည်။

'ရပါတယ်တွေလုပ်မနေနဲ့ ခုနတင် ဝုန်ဒိုင်းကြဲထားတာကို တခုခုစားပြီး ခဏနားလိုက်ပါအုန်း ကျနော်
တို့ရှိနေမှာမို့ မပူပါနဲ့ '

'အင်း...... '

အင်း တခွန်းနဲ့ ခုထိ ထိုင်ရာမှမထလာသူကြောင့် Wat အတင်းဆွဲထူရလေသည်။ ဒါတောင်ပေကပ်နေ
ချင်သေးတာမို့ Dinနဲ့အတူ နှယောက်အတူ ဆွဲထုတ်သွားရလေသည်။ Tob ကတော့ Offroad အနား စောင့်ရင်းကျန်ခဲ့လေသည်။

'ကဲ ထ.... ထတော့ Din လာဆွဲခေါ်ပါအုန်း '

'ဟုတ် '

'Din မင်းအလုပ်ရှိတယ်မဟုတ်လား ငါ့လာကူမနေဘဲ သွားတော့လေ '

'ရပါတယ် အစည်းအဝေးလေးတခုပါပဲ ကျနော် နေ့လည်ပိုင်းပြန်လာခဲ့မှာ '

'အလုပ်လဲ သေချာလုပ်ခဲ့အုန်း '

'ဟုတ်ကဲ့ P '

Daou နဲ့ Wat အား နှုတ်ဆတ်လို့ Dinလဲ အလုပ်ရှိရာထွက်သွားလေသည်။

နေ့လည်ပိုင်းချိန်သို့ ရောက်လာချိန်ဝယ် ......

ကုတင်ထက်မှ လူသည် နိုးထမှုတခုနှင့်အတူ မျက်လုံးတို့ဖွင့်လာခဲ့လေသည်။ တကိုယ်လုံးအားမရှိ
သလို ခံစားချက်ကြီးက လွှမ်းခြုံလျက် သူထမထိုင်
ချင်သေးတာကြောင့် ဘေးဘီအားအကြည့်ပို့မိတော့ ........

သူ့ကုတင်ဘေးထက်ဝယ် ဆိုဖာထိုင်ခုံထက် ထိုင်နေသူတဦးအားသတိထားမိလေသည်။ ထိုလူက သူ့ရဲ့မျက်ဝန်းတွေကို ဖိပိတ်ထားလို့ လက်နှစ်ဖက်အား ပိုက်ထွေးလျက် ဆိုဖာထက်ခြေချိတ်ထိုင်နေလေသည်။

Offroad ထိုလူအား သေချာကြည့်နေပေမဲ့ ဒီလူအား
မြင်ဖူးချင်တော့မရှိပေ။ ပုံသွင်းထားခြင်းမရှိတဲ့ ဆံနွယ်နက်နက်တို့နှင့်အတူ  ချောမောခန့်ညားခြင်းဟန် အပြည့်နှင့်  ထိုလူမျက်နှာဟာ မှတ်မိလွယ်တဲ့ မျက်နှာမျိုးဖြစ်ပါလေတယ်။

Behind (Bl ) (Complete )Where stories live. Discover now