မင်းခွေဝိုင်းထဲတွင် ဧည့်ခန်း၏လေထုအခြေအနေမှာ အေးစက်နေသလို တစ်ဆက်တည်းမှာပဲ မီးတောက်တွေထွက်ပေါ်နေသလိုပင်။
ဧည့်ခန်းထဲကစတီခုံများပေါ်တွင်တော့ လူခြောက်ယောက်အကြည့်ချင်းပြိုင်နေကြလေသည်။
အေးစက်နေသောလေထုကိုဖြိုခွင်းလိုက်သူမှာတော့ ဦးထွန်းမောင်။
"ကိုင်း ခင် နဲ့ တိုင်း ဒီဘက်က ကြယ်စင် တဲ့ ကိုယ့်သမီးအကြီးဆုံး သူ့ဘေးက တိမ်စိုင် တဲ့ သမီးအလတ်မ ဟော့ဟိုဘက်ဆုံးကတော့ မှိုင်းညို့စိုင်း တဲ့ ကိုယ့်သားအငယ်ဆုံးပေါ့ကွာ"
ဦးထွန်းမောင်မှ တစ်ယောက်ချင်းစီကိုမိတ်ဆက်ပေးသော်လဲရုပ်တွေကဝမ်းသာပုံမပေါ်။
"ဟင်း တွေ့ရတာဝမ်းသာပါတယ်"
မတူမတန်အကြည့်နှင့်ဒေါ်ငွေခင်ကနှုတ်ဆက်စကားဆိုလာသည်။
"ကဲ သားတို့သမီးတို့ ဒါက နင်တို့အမေဖြစ်လာမယ့် ငါ့ဇနီးလောင်း ဒေါ်ငွေခင်တဲ့ သူ့ဘေးကနင်တို့နဲ့မောင်နှမတော်ရမှာ တိုင်းရှစ်ခွင် တဲ့"
"ဟုတ်ကဲ့ ကျွန်မတို့ကတော့တွေ့ရတာဝမ်းမသာပါဘူး"
အကြီးမကြယ်စင်ရဲ့ခပ်ပြတ်ပြတ်စကားကြောင့် လေထုဟာ တစ်ဖန်ပြန်လည်အေးစက်သွားပြန်သည်။
*ကျုပ်တော့ဒီတိုင်းရှစ်ခွင် ဆိုတဲ့ကောင်ကိုသဘောမကျပါဘူး အသားကဖြူဖြူ ရုပ်ကချောချောနှင့် အက်မယ် သူကရယ်လိုက်ရင်ပါးချိုင့်လေးတွေတောင်ခွက်ဝင်သွားသေးတာ အရပ်ကလဲအရှည်ကြီးပဲ မျက်ခုံးကလဲထူထူနဲ့ ဆံပင်ကေကလဲမြို့သားစတိုင်လ်ပါကွာ မြင်ပြင်းကပ်စရာ*
မှိုင်းညို့စိုင်းတစ်ယောက် တိုင်းရှစ်ခွင်ဆိုတဲ့ကောင်ကိုသေချာကြည့်နေလေသည်။
_______________________________
လွန်ခဲ့သောနာရီဝက်ခန့်က...
နေခြစ်ခြစ်တောက်ပူနေချိန်မှာ တိုင်းရှစ်ခွင်တို့သားမိ အရိမ်တစ်နေရာတွင်လာကြိုမည့်လူကိုစောင့်နေရသည်။
အကြောင်းမှာအမေမှကောက်ကာငင်ကာအိမ်ထောင်ပြုတော့မည်ဟုဆို၍ မြို့ကနေတောကိုဆင်းလာရခြင်းဖြစ်သည်။