ᴘʀᴇᴠɪᴇᴡ :
သည်းကြီးမည်းကြီး ရွာသွန်းလျက်ရှိသည့် မိုးအကြားဆင်းသက်လာသော မိုးရေစက်ကလေးတွေကနေတစ်ဆင့် ပေးပို့ချင်သော စကားများ အစုလိုက်အထွေးလိုက်ရှိသည် ။
ယမကာရည် အနံ့စူးရှရှတို့ ဖုံးလွှမ်းနေသည့် နှုတ်ခမ်းတစ်စုံက လိုလိုလားလားဖြင့် အနမ်းများချွေနေခဲ့သည် ။
ဆောင်းဟို ခံစားရသည်မှာ မူးနောက်နောက်နှင့် ၊ ပူနွေးနွေးစိုစိစိအနမ်းတွေကြား အသက်ရှူမဝ ။
ထိုလူ၏ ရင်ဘတ်ကို ဆောင်းဟိုက လက်ဖြင့်ထောက်လိုက်ပြီး" အီဟန် ငါ့ ..ငါ့ကို အသက်ရှူခွင့်ပေးဦး "
" ... "
မတတ်နိုင်ခဲ့ဘူး ။
အဲ့သည့်လိုပြန်စိုက်ကြည့်လာတဲ့ မျက်လုံးတစ်စုံကို ဆောင်းဟိုက တစ်ခါဆိုတစ်ခါမှ ခံနိုင်ရည်၊ ခံနိုင်စွမ်း တစ်စက်ကလေးမှ မရှိခဲ့ဘူး ။" ဘာဖြစ်လို့လဲ မကြိုက်တာလား "
" ဟင့်အင်း "
ထို့နောက် ဆောင်းဟို၏ နှုတ်ခမ်းသားပါးလွှာလွှာတို့အပေါ်သို့ အရင်နှင့်မတူပဲ စွဲမက်ဖွယ်ကောင်းသည့် စေးကပ်ကပ်အနမ်းတို့က ပြန်လည်ဆက်သွယ်လာသည် ။
ပခုံး၌ သိုင်းကာလွယ်ဖက်ထားသည့် ဆောင်းဟို၏ လက်နှစ်ဖက်အား ရုတ်ပစ်လိုက်ပြီး အောက်ကိုချကာ လက်ချောင်းများကိုအစီစီဆုပ်ကိုင်သွယ်ယှက်လိုက်၏ ။
____ ____
" ဆောင်းဟို "
စီနီယာ အမ ယွန်းဂျူက တစ်ယောက်ယောက်ကိုခေါ်လာခဲ့တဲ့ပုံပါပဲ ။
" တွေ့ရတာဝမ်းသာပါတယ် "
လက်ပ်တော့ကိုကြည့်ရင်း အလုပ်ရှုပ်နေတဲ့ ကျွန်တော်က လက်ထဲက မောက်စ့်ခလုတ်ကို ခေတ္တချပြီး မော့ကြည့်လိုက်တယ် ။
" အင်း တွေ့ရတာဝမ်းသာပါတယ် "
ဆံပင်က အညိုမကျ အနက်မကျ ၊ လည်သာ အင်္ကျီ အမည်းကို အပေါ်က ထပ်ထားရင်း အောက်ကတော့ အဖြူရောင် တီရှပ်ကိုဝတ်ကာ ဂျင်းစ် ဘောင်းဘီအရှည် တွဲလျက် ကိုဝတ်ဆင်ထားတယ် ။
YOU ARE READING
entwined • mulnyangz
Fiksi Penggemar• 딱 한 번만 '사랑한다' 는 말을 듣고싶어 내가 .. 내가 욕심이 많은 걸까? • တစ်ခါလောက်ပဲ "ချစ်တယ်" ဆိုတဲ့စကားကိုကြားချင်မိတာပါ ငါ..ငါက လောဘတွေ မတရားကြီးထွားနေမိတာလား?