''နောက်တစ်ပုံ တက်ပြီဟေ့''
''မြန်မြန်လု၊ မြန်မြန်။ ငါ့မှာကျ အခုထိကို မတက်နိုင်သေးဘူးဟ။ လိပ်လို လိုင်း''
ပြတင်းမှန်ကိုဖြတ်၍ အလင်းပေါက်လာသော နေခြည်တွေ ဖြာလဲ့နေသည့် အခန်းကျယ်ကြီးထဲ ဂင်မ်ဆောနူနဲ့ ယန်းဂျောင်ဝန်းတို့ နှစ်ယောက်မှာ ကုတင်ပေါ် ပက်လက်လှဲလျက်သား။
လက်ထဲတွင်လည်း ဖုန်းကိုယ်စီနှင့်။ စခရင်ကို မျက်လုံးပြေးမကပ်ရုံတမယ် စိုက်ကြည့်ကာ ငါးစက္ကန့်တစ်ခါ refresh ဆွဲလိုက်၊ အသစ်တက်တာနဲ့ အချင်းချင်း အော်ဟစ်အကြောင်းကြားရင်း အူယားဖားယား typing ရိုက်လိုက်၊ တစ်ခါထပ် အော်ဟစ်လိုက်နှင့် သူတို့၏ ပုံမှန်တနင်္ဂနွေအား ဖြတ်သန်းနေကြသည်။
ပုံမှန်ဆို ဂျောင်ဝန်းက ဆောနူရဲ့ ဒီလို တနင်္ဂနွေနေ့များတွင် ပါဝင်ပတ်သက်ခြင်းမရှိသလို စိတ်လည်းမဝင်စားပါ။ တစ်ပတ်စာ စာများကို weekend တွင်သာ အပြီးဖြတ်ရသဖြင့် အမြဲလိုလို မအားပေ။ ဒါပေမယ့် ဂင်ဆောနူ၏ ဒေါ်လာငါးရာတန် PS5 game set နှင့် မျှားခေါ် ခိုင်းစေမှုကြောင့် သူပါ ဝိုင်းလုပေးရင်း တဖြည်းဖြည်း စျာန်ဝင်ကာ တက်ကြွလာသည်။
ဆောနူတို့ အသဲအသန် ပြိုင်လုနေသည်မှာ တခြားတော့မဟုတ်ပေ။
ဒယ်ဆန်း ယောက်ျားလေးသီးသန့်အထက်တန်းကျောင်း၌ ကျောင်းဖိုရမ်တစ်ခုရှိသည်။ ထိုဖိုရမ်၏ ဂရုပေါင်းများစွာအနက် မန်ဘာအများဆုံး ဂရုကြီးတစ်ခုရှိသည်။ ရိုးရိုးဂရုတော့မဟုတ်။ စီးပွားရေးဂရုဖြစ်သည်။ အတိအကျဆိုရလျှင် ပတ်ဆောင်းဟွန်း၏ ဓာတ်ပုံများကို ရောင်းချသော ဂရုပင်ဖြစ်သည်။
ဂရုထဲရှိသော အဖွဲ့ဝင် လေးသိန်းသုံးသောင်းဆိုတဲ့ အရေအတွက်သည် ဒယ်ဆန်းတစ်ကျောင်းထဲမှ မက။ တခြား အနယ်အနယ်အရပ်ရပ်မှ ပတ်ဆောင်းဟွန်း စွဲလမ်းသူ ယောက်ျားလေး၊ မိန်းကလေး အကုန်ပါ၏။ တောင်ကိုရီးယားနိုင်ငံ သမ္မတကြီး၏ ဒုတိယမြောက် သားဖြစ်တာကြောင့် သတင်းအချို့တွင် ခဏခဏပါလာတတ်ရာ ကိုရီးယားနိုင်ငံတွင်း သာမကဘဲ နယ်ခြားမြေခြားက လူများပါ ဆောင်းဟွန်းကို သိကြ၊ ကြိုက်ကြသည်။ ပြည်တွင်းတင် သာမက ပြည်ပမှာပါ Fansite 3 ခုလောက်တောင်ရှိသေးသည်။
YOU ARE READING
STRAW-BERRY FEVER
Fanfictionစတော်ဘယ်ရီနံ့သင်းသင်း အဖျားငွေ့ငွေ့ကလေး ˖⋆。 cover photo credit goes to the rightful owner.