Dining hall သည် အတော်လေး ကျယ်ဝန်းသော ခန်းမကျယ်ကြီးဖြစ်သည်။ Food counter များကို ခန်းမထောင့် တလျှောက် နေရာချထားပြီး juice dispenserများ၊ နို့နှင့် ကော်ဖီ jar များ၊ အသီးအနှံနှင့် ကိတ်များကို အစုံအလင် ခင်းကျင်းထားသည်မှာ အဆင့်မြင့်ဘူဖေးဆိုင်များကဲ့သို့ပင်။ ထမင်းနှင့် ဟင်းများကိုတော့ နေ့စဥ် menu သတ်မှတ်ကာ ဟင်းချိုအပါအဝင် တစ်ရက် ဟင်း 5 မျိုး ကျွေးသည်။ ထမင်း၊ဟင်း မစားချင် သူများကတော့ ကန်တင်းသွားတတ်ကြ၏။ မာလာထန်မှစ၍ ဆန်းဝစ်ချ်အဆုံး ကိုရီးယားစာ၊ ပင်လယ်စာ၊ အာရှအစားအစာ၊ အနောက်တိုင်းစာ ထိုသို့ အစုံအစုံ ရသောကြောင့်ပင်။
ဆောနူ ထမင်းစားခန်းမထဲ ဝင်ဝင်ချင်း တစ်ချက်ဝေ့ဝဲကြည့်တော့ ခန်းမထောင့်ဆုံးတွင် headphones အဖြူလေးနှင့် ထမင်းကို ငြိမ်သက်စွာ စားနေသော ပတ်ဆောင်းဟွန်းကို တွေ့ရသဖြင့် အောင်ပွဲရစစ်သူကြီးလို ပြုံးမိသည်။
ခန်းမတွင်းမှ လူများက ဆောင်းဟွန်းကို ခိုးကြည့်လိုက်၊ ပေါ်တင်ကြည့်လိုက်နှင့်။ ဒီမှာ ထမင်းလာစားကို အထူးအဆန်းဖြစ်နေကြ သူများလည်း ရှိသလို ရစ်သီရစ်သီလုပ်ချင်သူများလည်း တွေ့ရသည်။ အဆိုးဆုံးက အငယ်တန်းတွေပင်။ ယောက်ျားလေးသီးသန့်ကျောင်းမလို့သာ တော်တော့၏။
ပန်းကန်ထဲ အလျဥ်းသင့်သလို ထမင်းတွေ၊ ဟင်းတွေ အမြန်ခူးခပ်ထည့်လိုက်သည်။ ဆောင်းဟွန်းထိုင်နေသည့် ခုံသို့ သွားရာလမ်းတစ်လျှောက် ထိုအငယ်တန်းများကို ''သေမယ်နော်၊သေမယ်'' ဟု ကြားရရုံရေရွတ်ရင်း၊ ပေစောင်းစောင်းဖြင့် ဂျိုကြည့်,ကြည့်ပေးခဲ့ရန်လည်း မမေ့။ မနေ့ကအထိ group chat ထဲ သွေးသောက်တွေ ဖြစ်ခဲ့ကြပေမယ့် အခုမတူတော့။
ဒီနေ့ကစပြီး ဆောနူက ပတ်ဆောင်းဟွန်းကို gatekeep ပစ်တော့မှာ။
'' ငါထိုင်လို့ရတယ်မလား''
မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သောအခါ ဆောင်းဟွန်းက မျက်လုံးတစ်ချက်သာ ဝင့်ကြည့်သည်။ ဘာမှပြန်မဖြေ။ သူ့ထမင်းသူ ဆက်စားနေတာမို့ ရရ/မရရ မျက်နှာချင်းဆိုင် ခုံတွင် ဆောနူဝင်ထိုင်လိုက်သည်။
YOU ARE READING
STRAW-BERRY FEVER
Fanficစတော်ဘယ်ရီနံ့သင်းသင်း အဖျားငွေ့ငွေ့ကလေး ˖⋆。 cover photo credit goes to the rightful owner.