ရှေ့ကိုဝဲကျနေသည့် ဆံပင်အုပ်လေးကို ဂျယ်လ်ဖြင့် နောက်လှန်ဖြီးသင်လိုက်တော့ နေမထိ၊ လေမထိ အိမွတ်နေသည့် နှဖူးပြေ ဝင်းဖန့်ဖန့်လေး ထွက်ပေါ်လာကာ မျက်နှာကို manly ပိုဆန်သွားစေသည်။
နှုတ်ခမ်းပါးပါးအိအိ ကို lip gloss ဆိုးခြင်းဖြင့် ဒီနေ့၏ ရွှိုင်းခြင်းအမှုကို အပြီးသတ်လိုက်သည်။
ဝတ်နေကျ ခပ်ပွပွ ယူနီဖောင်းတွေနှင့် ခြားနားစွာ fit size ရှပ်လက်ရှည် အဖြူပေါ် လက်ပြတ် vest ကို ကိုယ်လုံး အကြပ်၊ ကွက်တိ ဝတ်ထားသဖြင့် သေးသွယ်သည့် ခါးကျဥ်ကျဥ်လေးသည် သဲနာရီသဏ္ဍာန်၊ golden ratio ခန္ဓာကိုယ် အချိုးအစားပေါ် ဖျစ်ညစ်ချင်စဖွယ် ထင်းလင်းနေ၏။
လူတစ်ရပ်ကျော်စာ ကျွန်းမှန်ကြီးထက် အရိပ်ထင်နေသည့် ကိုယ့်ပုံရိပ်ကို ကြည့်၍ ဆောနူ စိတ်ကျေနပ်စွာ ပြုံးမိသည်။
အိမ်ပြာတော်ကို free pass မည့် ဥပဓိရုပ်ပင်။
ကျောင်းဝတ်စုံ အပေါ်ကုဒ်လက်ရှည်ကို ပုခုံးထက် လွှားရုံသာ ခြုံပြီး တက်ကြွပြတ်သားသည့် ခြေလှမ်းများဖြင့် အခန်းတံခါးဆီ ဦးတည်လိုက်သည်။
သမ္မတသား စစ်စင်ရေး စတင်ပြီပင်။
ဆောနူ မလှမ်းရဲသည့် အကွာအဝေးများကို ခေါင်မိုးထက်က လက်ဖဝါးတစ်ဖက်က ဆွဲချုံ့ပြီးသည့်နောက်၊ ပုံလေးတွေ လိုက်လုရုံ၊ ခိုးခိုးငေးရုံ၊ ကြိတ်ကြွေရုံနှင့် မတင်းတိမ်နိုင်တော့ပေ။ စမိရင် အဆုံးမရှိတော့သလို၊ ပင်လယ်ရေကို တစ်ယောက်တည်း ငတ်မပြေအောင် သောက်နိုင်ဖို့ ကြိုးစားရန်သာ ဆုံးဖြတ်ချက်ချခဲ့သည်။
ကြောင်လိမ်လှေကားပေါ်မှ ဆင်းလာပြီး ထမင်းစားခန်းဝင်ကာ မနက်စာစားနေသည့် အဖေ့ကို အသိပေးရုံ နှုတ်ဆက်လိုက်သည်။
'' ကျောင်းသွားတော့မယ်''
Laptop ကို အကြည့်မပြတ် ခေါင်းတစ်ချက်သာ မလှုပ်တလှုပ်၊ အာရုံမရစွာ ညိတ်ပြလာမှာကို မစောင့်နိုင်၊ လှည့်ထွက်လာခဲ့သည်။ စီးဆင်းနေတဲ့ သွေးချင်းတူသော်လည်း ဆောနူတို့ သားဖကြား ဝတ်ကျေတန်းကျေ မေးထူးခေါ်ပြော ကလွဲ၊ စကားလုံးတွေမဲ့ပါသည်။
YOU ARE READING
STRAW-BERRY FEVER
Fanfictionစတော်ဘယ်ရီနံ့သင်းသင်း အဖျားငွေ့ငွေ့ကလေး ˖⋆。 cover photo credit goes to the rightful owner.