🌺

1.1K 34 4
                                    

Unicode

မှန်ချပ်တွေမှတဆင့်မြင်နေရတဲ့ ပုစွန်ဆီရောင်နေလုံးကြီးသည် အနောက်အရပ်ဆီသို့ တိမ်းဝင်ကာ အလင်းပေးတော့မည်။တာဝန်ချိန်ပြီးသွားသော်လည်း လူနာခန်းတစ်ခုဆီကိုသွားဖို့ ထားကြံရွယ်ထားသည်မို့ ထိုအခန်းဆီကိုသာ တစိုက်မတ်မတ်ဦးတည်နေလေသည်။
တံခါးပေါ်မှာ တပ်ထားတဲ့နံပါတ်လေးကို တစ်ချက်ကြည့်ကာ အခန်းတံခါးကိုခေါက်ကာ ဝင်လိုက်သည်နဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သျှားနဲ့အကြည့်ချင်းဆုံသွားလေသည်။

သျှား၏အကြည့်တွေ၌ အံ့သြမှုတွေဖုံးလွှမ်းနေသည်က သိသာထင်ရှားလွန်းနေသည်။ဝဲဘက်ရင်အုံမှ နှလုံးဟာ ချက်ချင်းဆိုသလိုဆောင့်တက်ကာ ခုန်လာသည်မို့ လက်နဲ့ပင်ဖိထားရသည်။ထားရဲ့အလှမှာ သျှားနစ်မျောသွားမိလေခြင်းပင်။ဒေါက်တာထားလဲ့ရီဆိုတဲ့အမျိုးသမီးရဲ့ အကြည့်တစ်ချက်မှာတင် သျှားရဲ့နှလုံးခုန်နှုန်းတွေမမှန်ခဲ့ခြင်း၊မြန်ခဲ့လေခြင်း။

"သမီး ထား ထား လုပ်ပါဦး"

"သျှားအဆင်ပြေပါတယ်မေမေရဲ့"

"မင်းတကယ်အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်ဒေါက်တာ"

"စိမ်းစိမ်း သူ့အခြေအနေကိုထားလာကြည့်တာလေ"

         ထားသည် ကုတင်ဘေးမှခုံတန်းမှာထိုင်ကာ သျှားကိုတစ်ချက်ကြည့်ပြီး စိမ်းနဲ့စကားပြောဖို့ ဟန်ပြင်နေသည်။ဘာကိုမှမသိသေးတဲ့ သျှားသည် ယုန်ငယ်တစ်ကောင်လို ငြိမ်ကုတ်နေသည်။ကုတင်ပေါ်မှ သျှားကတော့ ထားရဲ့ ဒုတိယမြောက်အကြည့်နဲ့တင် စိတ်တွေမတည်ငြိမ်ချင်တော့ပေ။

"သမီးအခြေအနေက စိုးရိမ်စရာရှိလားထား။ဘာတွေလိုအပ်သေးလဲ"

"စိုးရိမ်စရာကတော့ အထွေအထူးမရှိပါဘူး။တစ်ခုခုထူးခြားရင်ထားကိုပြောနော်။မင်းတစ်ခုခုထူးခြားရင် တို့ကိုပြောရမယ်နော် သျှားဟေဇယ်မှူး။တို့က မင်းကိုတာဝန်ယူထားတဲ့သူ"

"ရှင် ဒေါက်တာဘာပြောလိုက်တာလဲဟင်"

"တို့ကမင်းကိုတာဝန်ယူထားတဲ့သူမလို့ မင်းတစ်ခုခုဆိုရင် တို့ကိုပြောလို့ပြောနေတာလေ။ဘာလဲ နားမလည်ဘူးလား"

"အချစ်တစ်ခုမွေးဖွားခြင်း"(အချစ်တစ်ခုမွေးဖွားခြင်း)Where stories live. Discover now