Unicode
မနက်နိုးနိုးချင်းမြင်လိုက်ရသည့် မြင်ကွင်းသည် သျှားအတွက်တော့စိတ်ထဲတစ်မျိုးခံစားလိုက်ရသည်။ကုတင်ပေါ်ကို လက်ကလေးတွေတင်ကာ မှောက်အိပ်နေတဲ့ ထားကိုကြည့်ပြီး သျှားအားနာစိတ်ဝင်မိသည်။ကိုယ့်အတွက်နဲ့သူစိမ်းတစ်ယောက်ဒုက္ခခံနေတာ မြင်နေရတော့ စိတ်မကောင်းဖြစ်မိတာအမှန်။လက်ကလေးပေါ်ခေါင်းတင်ကာ ဘေးစောင်းလေးအိပ်ပျော်နေတဲ့ ထားမျက်နှာလေးသည် မနက်ခင်းမှာတောင် ကြည်လင်နေသည်။ဆံနွယ်တွေခပ်ရေးရေးကျနေသည်မို့မျက်နှာကို အသေအချာအမြင်ရတာတောင် အတော်လေး လှပနေသည်။
ထားကိုကြည့်နေရင်းပင်သျှားစိတ်ထဲ၌
မျက်နှာကလေးပေါ်ဝဲကျနေတဲ့
ဆံနွယ်တွေကိုနားကြားထဲသပ်တင်ပေးချင်မိသွားသည်။
ခေတ္တခဏဖြစ်ဖြစ်၊အမြဲဖြစ်ဖြစ် အသုံးပြုလို့ရမဲ့ ခေါင်းအုံးလေးဖြစ်ချင်မိသွားပြန်သည်။ဘာလို့များ သျှားဒီလိုတွေးမိရသလဲ။သေချာသည်က ဒီလိုတွေးနေတဲ့ သျှားစိတ်ထဲမှာ ထားနဲ့ပတ်သတ်ပြီး ခံစားချက်တစ်ခုရှိနေလေပြီ။ထားနဲ့ပတ်သက်သည့်ခံစားချက်...။ဒါမှမဟုတ် ထားအပေါ်မှာထားတဲ့ ခံစားချက်...။လူတစ်ယောက်အပေါ်မှာ ခံစားချက်ရှိဖို့ဆိုတာ မလွယ်ပေမဲ့ တမင်လုပ်ယူထားခြင်းမရှိသည့် ရင်ထဲကလာတဲ့ခံစားချက်ဖြစ်ရင်တော့ အချိန်တွေမလိုအပ်ပါလေ။"မင်းနိုးတာကြာပြီလား"
"ခဏလေးကတင်ပါဒေါက်တာ။
ပြန်အိပ်ချင်အိပ်ပါဒေါက်တာရဲ့ဘာမှမဖြစ်ဘူး""ရပါတယ် တို့အိပ်ပျော်သွားတာ။သုံးနာရီနောက်ပိုင်းမှအိပ်ပျော်သွားတာ"
"အခုမှခြောက်နာရီကျော်ဆိုတော့ ဒေါက်တာ့အိပ်ချိန်က နည်းသေးတယ်။ပြန်အိပ်လိုက်ပါဒေါက်တာရဲ့။သျှားလည်းအဆင်ပြေနေတာပဲကို"
"နေပါ တို့ကိုယ်လက်သန့်စင်ဦးမယ်။မင်းကိုပြီးမှ သန့်ရှင်းရေးလုပ်ပေးမယ်နော်"
"ရပါတယ်ဒေါက်တာရဲ့"
ထားသည် တွဲလျက်ပါတဲ့အခန်းထဲကိုဝင်သွားလေသည်။မခို့တရို့လို့မဆိုသာတဲ့ ခြေလှမ်းတွေသည် လူတစ်ယောက်ကို ဆွဲအောင်နိုင်စွမ်းအပြည့်ရှိနေသလိုပင်။ဆွဲဆောင်သွားတယ်ဆိုရင်တောင် သျှားပြိုလဲဖို့ အသင့်ဖြစ်တော့မည်ထင်သည်။မိန်းမတစ်ယောက်ရဲ့ ခြေတော်ရင်းမှာ သျှားဒူးထောက်အရံှုးပေးရတော့မည်ထင်သည်။
တွေ့တာမကြာသေးတဲ့ မိန်းမတစ်ယောက်ရဲ့အပြုအမူတွေမှာ သျှားအရံှုးပေးရတော့မည်ထင်သည်။

YOU ARE READING
အချစ်တစ်ခုမွေးဖွားခြင်း(One Shot)
Storie d'amoreဒေါက်တာကနှင်းဆီဖြူလေးလို နူးညံ့သိမ်မွေ့ပြီးလှပလွန်းတယ်