Episode Five

2.4K 68 3
                                    

Unicode

တာဝန်ချိန်တွေမှာပါမက အားတဲ့အချိန်တွေမှာသာ ထားရဲ့ခြေလှမ်းတွေသည် သျှားရှိရာအခန်းကိုသာ ထပ်တလဲလဲခြေချခဲ့လေသည်။တစ်ပတ်ဆိုတဲ့အချိန်အတွင်းမှာ သူစိမ်းနှစ်ယောက်ရင်းနှီးခင်မင်ဖို့ဟာ ထင်သလောက်မခက်ခဲခဲ့ပေ။စတွေ့တုန်းက ထားအတွက်ခင်မင်ရင်းနှီးဖို့အတွက် မစဉ်းစားမိတဲ့သျှားသည် အခုချိန်မှာတော့ ထားနဲ့အတော်လေးရင်းနှီးနေလေပြီ။တစ်ပတ်...။ထိုအချိန်ဟာ လူနှစ်ဦးပတ်သက်မှုကိုအတော်လေးပြောင်းလဲစေခဲ့လေသည်။

"ဆေးရုံပြရမဲ့ရက်တွေတော့ မဖြစ်မနေလာရမယ်နော်"

"မဖြစ်မနေလားဒေါက်တာ"

"အင်း မင်းမလာလို့ရမလား။မလာရင်တော့ တို့လိုက်လာမှာနော်"

"သျှားအိမ်ကိုဒေါက်တာသိလို့လား"

"အို စိမ်းတစ်ယောက်လုံးရှိတာပဲ။ဘာကိစ္စမသိရမှာလဲ"

          ပစ္စည်းတွေသိမ်းဆည်းနေတဲ့စိမ်းကို ထားသည်မျက်လုံးကလေးပင့်ကာပြောလေသည်။

"ဒေါက်တာကလာစေချင်မှတော့လာမှာပါ။စိတ်ချနော်"

"ဟုတ်ပါပြီ"

"လိုအပ်သမျှကိုကူညီပေးလို့ကျေးဇူးပါထားရယ်။မဟုတ်ရင် စိမ်းတို့အတော်လေးအလုပ်ရှုပ်နေမှာ"

"ရပါတယ်စိမ်းရဲ့။သူ့ကိုသာ ဂရုစိုက်လိုက်နော်။သွားဦးမယ်။ထားဂျူတီရှိသေးလို့"

"ကျေးဇူးပါထားရယ်"

"ရပါတယ် သွားမယ်နော်"

            အပြုံးတွေနဲ့နှုတ်ဆက်ခဲ့သော်လည်း အခန်းအပြင်ရောက်သွားတာနဲ့ ထားစိတ်ထဲ တစ်စုံတစ်ရာလစ်ဟာသွားသလိုခံစားလိုက်ရသည်။ဝဲဘက်ရင်အုံမှ သိသိသာသာပင်ထိုးအောင့်လာသည်မို့ လက်ကလေးနဲ့ဖိထားရသည်။ဒါဟာ ဘာဖြစ်သွားလေသလဲ။

"ထား ထား ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ဘူး။ရတယ်ကိုသွင်ဘုန်းနိုင်"

"ထားတစ်ခုခုဖြစ်နေတယ်မလား။ဘာဖြစ်လို့လဲ။ရင်ဘတ်တွေအောင့်လို့လား"

"ကျွန်မဘာမှမဖြစ်ဘူး။ဒါကြောင့်မို့ ကိုသွင်ဘုန်းနိုင်သွားမဲ့လမ်းကို အေးဆေးသွားပါ"

အချစ်တစ်ခုမွေးဖွားခြင်း(One Shot)Where stories live. Discover now