"ကျန့်အာ မျက်နှာလေးကကြည်နေလိုက်တာ။ပေကျင်းမှာ နေရတာ အသားကျနေပြီပေါ့"မားက ပန်းကန်တွေသိမ်းကူနေသည့် ရှောင်ကျန့်ကို ကြည့်ကာ ဆိုသည်။
ရိပေါ် ကိုယ့်ကိုယ်ကို ဂုဏ်ယူသည့်ပုံဖြင့် ခေါင်ငုံ့ကာ ပြုံးလိုက်သည်။မားက သဘောရိုးပြောပေမယ့် ကိုကိုပျော်နေသည့် အကြောင်းရင်းက မိမိကိုယ်တိုင်ဆိုတာ သိရတော့ ကြည်နူးမိသည်။စားလက်စ အချိုတည်းနေသည့် မုန့်တို့က ပိုချိုနေသလိုပင်
သူတို့သုံးယောက် ထမင်းစားခန်းထဲရှိနေချိန် ပါးက စာဖတ်ခန်းထဲတွင် ဆိုဖာပေါ်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေသည်။
"ကျန့်အာ သစ်သီးတွေကို ပါးဆီသွားပေးပေးဦး"
"ဟုတ်ကဲ့ပါ မား"
ရှောင်ကျန့် သစ်သီးဗန်းကိုယူလာခဲ့ကာ စာဖတ်ခန်းဆီလာခဲ့လိုက်သည်။တံခါးက အနည်းငယ်ဟပြီးသားပေမယ့် ပါးစာဖတ်နေသည်မို့ တံခါးခေါက်လိုက်သည်
"၀င်ခဲ့လေ ရှောင်ကျန့်"
ရှောင်ကျန့် သစ်သီးဗန်းကို ပါး စာဖတ်နေသည့် စားပွဲပေါ်ချပေးလိုက်သည်။
"ကျန့်အာ ခဏထိုင်ဦး ပါးစကားပြောချင်တာရှိလို့"
"ဟုတ်ကဲ့ ပါး"
"အခု ပါး ရှန်ဟိုင်းမှာ စီပွားရေးတစ်ခုလုပ်ဖို့စဉ်းစားထားတယ်။ခါတိုင်းလို စက်မှုလုပ်ငန်းမဟုတ်ဘဲ ဆေးရုံဆောက်ဖို့ပြင်ဆင်နေတာ။လွန်ခဲ့တဲ့အပတ်ကပဲ ဆေးရုံဆောက်ဖို့ ခွင့်ပြုချက်ရတယ်။ပေကျင်းမှာ ဆေးကုသရသလိုမျိုး ရှန်ဟိုင်းကလူတွေကို
အဘက်ဘက်က ပြည့်စုံတဲ့ဆေးရုံနဲ့ဖြစ်စေချင်တာ။ လိုအပ်တဲ့ ဆရာ၀န်အင်အား၊ကျန်းမာရေး၀န်ထမ်းအင်အားကို ပါးသူငယ်ချင်း ပါမောက္ခယီနဲ့ တိုင်ပင်ပြီးခန့်ဖို့စီစဉ်ထားတယ်။ကျန့်အာ အတူတူအလုပ်တွဲလြပ်ချင်တဲ့သူရှိရင်လည်း ခေါ်ခဲ့လို့ရတယ်။တစ်ချိန်ကျရင် ကျန့်အာဦးစီးရမယ့် နေရာဖြစ်လာမှာ။နောက်နှစ်နှစ်ကျော် သုံးနှစ်ကြာရင် ရှန်ဟိုင်းမှာ အကြီးဆုံးဆေးရုံက ရှန်ဟိုင်းရဲ့မြို့အ၀င်မှာ ရှိနေလိမ့်မယ်"
![](https://img.wattpad.com/cover/333302129-288-k160974.jpg)