အပိုင်းလေး

212 29 0
                                    

[နိုင်ငံအမည်၊မြို့အမည်နှင့် အဖြစ်အပျက်များအားလုံးသည် စာရေးသူ၏ စိတ်ကူးသပ်သပ်မျှသာဖြစ်ပါသည်။ဖော်ပြထားသည့်ခုနှစ်သက္ကရာဇ်များမှအဖြစ်အပျက်များသည်လည်း အပြင်လောကမှအဖြစ်အပျက်များနှင့် ဆက်နွယ်မှုလုံးဝမရှိပါ။]

*********

-ပျော်ရွှင်နေဖို့သင့်တယ်-


ခရစ်နှစ် 1841ခုနှစ်
Tails Elbonia, Houndland

ကောင်းကင်ပြာပြာမှာ တိမ်ကင်းစင်ပြီး ရာသီဥတုကောင်းတဲ့ နေ့လေးတစ်နေ့ဆိုပေမယ့် ဆေးတပ်သားတွေရဲ့အဆောင်မှာတော့ ဒီလိုနေ့မျိုးတွေက ကွက်ပြီးမိုးမှောင်ကျနေတတ်တယ်။

ဘာလို့ဆို ဒီနေ့က ၁၁ရက်နေ့။
လတိုင်းရဲ့ ၁၁၊၁၂၊၁၃ ရက်နေ့တွေတိုင်းမှာ ဆေးတပ်သားတွေအတွက်သီးသန့်စစ်ရေးလေ့ကျင့်မှုရှိတယ်။သူ့ဟာသူဆေးကုနေတဲ့ ဆေးတပ်သားတွေကို စစ်ရေးလေ့ကျင့်ခိုင်းပြီး တစ်လတစ်ခါဒုက္ခပေးတဲ့ ဒီစည်းကမ်းကိုဘယ်သူကများချမှတ်ထားသလဲလို့ မေးလာရင် အဖြေက ထပ်ပြီးတော့မလွဲနိုင်တဲ့ ကပ္ပတိန်ဂျွန်ပါပဲ။

ခံတပ်ကိုသူပြောင်းရွေ့လာပြီး နှစ်လကြာပြီးနောက်မှာ ချမှတ်လိုက်တဲ့ဒီစည်းကမ်းကြောင့် ခံတပ်ထဲတော့တော်တော်လေးဂယက်ရိုက်သွားခဲ့သေးတယ်။ဒါပေမယ့်လည်း အဆုံးမှာတော့အဖက်ဖက်ကတွေးကြည့်ရင် ကျိုးကြောင်းသင့်လျော်တဲ့စည်းကမ်းဖြစ်တယ်လို့ အထက်လူကြီးတွေက သတ်မှတ်ပေးလိုက်တာပါပဲ။

တကယ့်ရဲဘော်တွေကိုလေ့ကျင့်ပေးသလိုမျိုး လေ့ကျင့်ခံရတာမို့ ဒီရက်တွေကိုဆေးတပ်သားတွေကသိပ်ကြောက်ကြတယ်။အမျိုးသမီးဆေးတပ်သားတွေတောင်မှ မဖြစ်မနေသေနတ်ပစ်တာတော့ သင်ပြီးလေ့ကျင့်ကြရတယ်။ဂျီမင်းကတော့ ဒီလိုရက်တွေဆိုရင် ရှုံ့မဲ့နေကြတဲ့သူ့လက်အောက်ငယ်သားတွေအတွက် စံပြဖြစ်အောင်အမြဲကြိုးစားတယ်။သူ့နဂိုစိတ်ဓာတ်ကလည်း ​မာကြောပြီးကိစ္စတော်တော်များများကို သိပ်အထွန့်မတက်တတ်တာကြောင့်လည်းပါလိမ့်မယ်။ဂျီမင်းကတော့ ဒီလိုရက်တွေကိုထူးထွေပြီး ကြောက်လန့်မနေမိဘူး။

ဒါပေမယ့်....
ဒီတစ်ခါတော့ မတူဘူးပဲ။

ဦးထုပ်ဆောင်းမထားတာကလွဲရင် အစိမ်းပုတ်ရောင်ဝတ်စုံပြည့်နဲ့ရပ်နေတဲ့ ကပ္ပတိန်ဂျွန်ကို ဂျီမင်းကရှုတည်တည်နဲ့ကြည့်နေမိတယ်။ဝီစီတစ်ခုကိုလည်ပင်းမှာဆွဲထားတဲ့ ကပ္ပတိန်က ခါတိုင်းလိုအေးစက်တဲ့မျက်နှာအမူအရာနဲ့ပါပဲ။ဒီနေ့မနက်လေ့ကျင့်ရေးစကတည်းကစ ဂျီမင်းနားမှာပဲကပ်နေတဲ့ဒီလူကြောင့် ဂျီမင်းကနည်းနည်းပြာယာခတ်ပြီး အမှားအချို့တောင်လုပ်မိခဲ့သေးတယ်။

Memories: Me After YouWhere stories live. Discover now