15

20 2 0
                                    

" ဒါက ဘယ်လိုတွေဖြစ်နေတာလဲ...... "
သီချင်းသံများကြားမှ ထိုးထွက်လာသော အသံကြောင့် လှည့်ကြည့်မိ‌တော့ အိမ်ပေါက်၀တွင် မတ်မတ်ကြီးရပ်နေသောသူ
ကမန်းကတန်းပင် သီချင်းအား ပိတ်ကာ သူမတ်တပ်ထရပ်လိုက်မိ၏။
" ဟို ခင်ဗျား..... "
ချက်ချင်းကြီးရောက်ချလာမည်ဟု မထင်ထားသူကြောင့် ထယ်ယောင်း‌ပြောစရာစကားအား အစရှာနေရသည်။
" ညနေမှရောက်မယ်ထင်နေတာ..... "
" အေးလေ ညနေမှပြန်လာမလို့ပဲ မင်းကိုဖုန်းဆက်တော့လည်း ဖုန်းမှမကိုင်တာ...... "
ခပ်တန်းတန်းစကားတို့၏နောက်တွင် သူသက်ပျင်းကိုသာချမိသည်။
ဟိုကောင်တွေပြန်သွားကတည်းက အေးအေးလူလူနေမည်ဟုဆိုကာ ဖုန်းပိတ်ထားခဲ့ခြင်း
" ဖုန်းဖွင့်ဖို့ကိုမေ့သွားလို့ တောင်းပန်ပါတယ်.... "
ကိုယ့်အမှားမကင်းသည်မို့ တောင်းပန်စကားသာ ဆိုမိသည်။
" ထားလိုက်ပါတော့ နောက်တစ်ခါအဲ့လိုမဖြစ်စေနဲ့...... "
စုတ်ပြတ်နေသော သူ့အား တစ်ချက်စိုက်ကြည့်ကာ အပေါ်သို့တတ်သွားသူအား ငေးကြည့်ရင်း စိတ်သက်သာရာရသွားသည်။
လှေကားထစ်တစ်၀က်မှာပင် နောက်သို့ပြန်လှည့်လာသူကြောင့် ထယ်ယောင်းကိုယ်လေး မတ်ခနဲ
" ညနေကြရင် အမေတို့ဆီသွားမယ် ပြင်စရာရှိတာပြင်ထား..... "
စကားပင်မပြန်ရသေးခင် အပေါ်ထပ်သို့တတ်ကာ အခန်းထဲ၀င်သွားပေပြီ။
ဆရာကြီးလိုပုံစံအား ထယ်ယောင်းမြင်ပြင်းကတ်လာ၏။
သူ့ကိုယ်သူ ဘာထင်နေတာလဲ?

ယခင်ကကဲ့သို့ အခြေအနေပြန်ရောက်လာသဖြင့် ကျဉ်းကျပ်မှုကြီးအား ပြန်ခံစားလာရသည်။
အပြင်သို့လည်းမထွက်ချင်သဖြင့် ကိုယ့်အခန်းတွင်သာ အချိန်ဖြုန်းနေလိုက်သည်။
သူတို့၏အိမ်ကလေးထဲတွင်တော့ တိတ်ဆိတ်ခြင်းတို့ မင်းမူနေခဲ့ပါ၏။
" ဒေါက် ဒေါက်..... "
အိမ်မောကျနေဆဲ တံခါးခေါက်သံကြောင့် သူအလူးအလဲထလိုက်သည်။
ဖျတ်ခနဲနာရီကို အကြည့်ရောက်မိတော့ လေးနာရီတိတိ
ကမန်းကတန်းထကာ တံခါးဆွဲဖွင့်တော့ မျက်နှာသေကြီးနှင့် ဦးစွာမိတ်ဆက်ရသည်။
" မင်း ဘာမှမလုပ်ရသေးဘူးလား.... "
" ဘာကိုလဲ.... အခုမှ လေးနာရီပဲရှိသေးတာလေ..... "
ဖရိုဖရဲအိပ်မှုန်စုံမွှားပုံစံအား စိတ်ပျက်စွာကြည့်ရင်း ထပ်ထွက်လာမည့်စကားတို့အား ဂျောင်ဂု အသာမြိုချလိုက်ရသည်။
ဒီနေ့ကစပြီးအလျော့ပေးဆက်ဆံမည်ဟု ဆုံးဖြတ်ထားသည်မဟုတ်လား

Between Us ( Completed )Where stories live. Discover now