20

13 3 2
                                    

" ဖြေနိုင်လား...... "
အိမ်ထဲသို့၀င်၀င်ချင်း အနောက်နားမှ လှမ်းခေါ်လာသော သူကြောင့် အလန့်တကြားဖြစ်သွားရသည်။
လှည့်ကြည့်လိုက်တော့ မြေဆွေးများပေကျံကာ လက်တစ်ဖက်ဖြင့် ပန်းအိုးကိုင်ထားသူအား မြင်လိုက်ရ၏။
စူးစမ်းလိုသည့်သဘောဖြင့် စိုက်ကြည့်မိတော့ ရှေ့သွားနှစ်ချောင်းပေါ်သည်အထိ ပြုံးရယ်ပြလာပြန်သည်။
" အလုပ်မသွားဘူးလား..... "
" ဟင့်အင်း နားထားတယ်..... "
" ဘာလို့..... "
" အာ ဒီတိုင်းပါပဲ အနားယူချင်လို့.... "
အပြုံးများသီဆွဲလျက် ပြောနေသူက လူစားလဲထားသည့်အတိုင်းပင်
ယခင်ကနှင့်မတူစွာ ကွဲပြားနေသောသူကြောင့် ထယ်ယောင်းသည်သာ မျက်နှာပူကာ အနေရခက်လာရသည်။
အိမ်ထဲသို့၀င်ရန် ခြေလှမ်းများပြင်နေခိုက် သူ့ထံမှစကားတစ်ချို့ ဖွင့်ဟလာ၏။
" ဖြေနိုင်လား စာမေးပွဲ.... "
" အွန်း ဖြေနိုင်ပါတယ်..... "
တိုတိုပြတ်ပြတ်သာပြောရင်း လှည့်ထွက်လာခဲ့သည်။

" သားဖြေနိုင်လား...... "
ဖုန်းထဲမှ အမေ့အသံက လှိုက်လှိုက်လှဲလှဲ
ခါတိုင်းလိုနီးနီးကပ်ကပ်မဟုတ်ဘဲ ဝေးကွာနေသော အမေက ပို၍သတိရနေဟန်ရှိသည်။
" ဖြေနိုင်ပါတယ်...... "
ရိုးရှင်းစွာ အဖြေပေးရင်း သူတိတ်ဆိတ်နေမိသည်။
အမေ့ထံမှ ပြန်စကားအား ကြားလိုသော်လည်း ရင်ထဲတွင် မွန်းကြပ်ခြင်းတို့ကသာ နေရာယူထား၏။
သူ့အကြောင်းအားသိနေသော အမေက တဟဲဟဲရယ်ရင်း စကားစသည်။
" သားဂျောင်ဂုက ပြောသွားတယ် သူ့မှာချစ်ရမယ့်သူမရှိပါဘူးတဲ့ သားကိုပဲ သဘောကျလို့ လက်ထပ်ယူခဲ့တာဆိုပြီး ၀န်ခံသွားတာ အဲ့နေ့က..... "
‌သိနေသော အကြောင်းဖြစ်ပေမယ့် ဖုန်းကိုင်ထားသော လက်များက တုန်ယင်ကာ ပြန်ပြောဖို့ ဆွံအနေမိသည်။
" သားလည်း အထင်လွဲပြီး လျှောက်ပြောမနေပါနဲ့ သူကသားကိုချစ်တာ အသိသာကြီးပဲကို သားကပြန်တစ်‌ထစ်လျော့ပြီး...... "
အမေ့၏ မှာတမ်းရှည်ကြီးအား စကားဖျက်ကာ ပြတ်ပြတ်သားသားပြောချလိုက်သည်။
" ကျွန်တော်မှ သူ့ကိုမချစ်တာ အမေ..... "
ပြတ်ကျသွားသော အသံနောက်တွင် အမေ့ထံမှ စကားသံများ တဒဂ်တိတ်ဆိတ်သွား၏
" သားထယ် သူချစ်ကိုရှာရမယ်လို့ကြားဖူးတယ်မဟုတ်လား သားလည်းပင်ပန်းခဲ့တာပဲ ထပ်ပြီးတော့..... "
" ဟင့်အင်း ကျွန်တော် ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့ဘူး ပင်ပန်းလို့ ခုသူ့ကိုချစ်မိရင်လည်း နာကျင်မှုတွေရှိလာမှာပဲ ကျွန်တော်ကြောက်တယ် မေမေ ကျွန်တော်ကြောက်တယ်..... "
ရှိုက်သံတစ်၀က်နှင့်ပြောလာသော သူ့အသံက ကျယ်သွားသယောင်ပင်
စီးကျနေသော မျက်ရည်များအား သုတ်ကာ သူစကားစဖြတ်လိုက်သည်။
" စာလုပ်တော့မယ် အမေ အစစအရာရာဂရုစိုက်ပါ...... "
စားပွဲခုံပေါ်မှထကာ မွေ့ယာပေါ်ပစ်လှဲချလိုက်သည်။
ပင်ပန်းသည် အရာအားလုံးကို ထားခဲ့ပြီး ထွက်သွားချင်သည်အထိ
အခန်းတံခါးတစ်ဖက်တွင် ရပ်နေခဲ့သော သူတစ်ဦးရှိသည်ကိုတော့ သတိမထားမိခဲ့ချေ။

Between Us ( Completed )Where stories live. Discover now