Part 4

143 31 1
                                    

U+Z


မနက်မိုးမလင်းခင် ၄ ချက်ထိုးသည်နှင့် အသင့်ဖြစ်နေသည့် စာသင်သားကတော့ အမတ်ကြီးမိုယုံရဲ့ပန်းခြံထဲကနေ ပန်းတွေခူးကာ အရှင်မင်းကြီးနန်းဆောင်ကို ခပ်သွက်သွက်သွားရသည်။ ဘယ်အချိန်ပဲ ဝင်ဝင် နန်းဆောင်ရှေ့အစောင့်ရဲမက်များရဲ့ စစ်ဆေးခြင်းကိုလည်းခံရပြီး အဆောင်တွင်းရှိရဲမက်များရဲ့ စစ်ဆေးခြင်းကိုလည်းခံရသည်။ သူ့ကိုတော့ အားလုံးက သိနေပြီဖြစ်ပေမယ့် တာဝန်အရစစ်ဆေးခြင်းဖြစ်တာကို သူနားလည်သည်။ နေ့တိုင်း ဒီရဲမက်တွေပဲတာဝန်ကျတာတော့မဟုတ်။

အားလုံးကိုအသံတိတ်လုပ်နေချိန်မှာပဲ သူအမြဲမြင်ရတဲ့မြင်ကွင်းကို မြင်ရပြန်သည်။ အိပ်ဆောင်မှထွက်လာတဲ့ ကိုယ်လုပ်တော်တစ်ယောက်။ ဒါကို အမြဲမြင်နေရတာ နေသားတောင်ကျနေပြီဖြစ်ကာ အပြစ်တောင်မမြင်ချင်သလိုဖြစ်လာ၏။ ထို့နောက် သူခေါင်းခါလိုက်ကာ နန်းဆောင်ထဲရှိ ပန်းအိုးတွေကို ခြေသံလက်သံမထွက်အောင် အားလုံးလုပ်သွားရသည်။ အားလုံး သိမ်းဆည်းပြီးအပြင်ပြန်ထွက်မယ့်အချိန်တောင် အလင်းရောင်ကောင်းကောင်းမရသေး။ နန်းဆောင်ထဲမှာဆိုတော့ပိုဆိုးသည်။ နန်းဆောင်ထဲမှာက အရှေ့အနည်းငယ်ကိုသာ မြင်နိုင်၏။ ဒါတောင် ဆီမီးတွေထွန်းထားလို့။

စာသင်သား ဝေ့လျှမ်း လဲလိုက်တဲ့ပန်းအဟောင်းတွေကို စက္ကူနှင့်လိပ်ကာပိုက်ပြီး ပြန်ထွက်ဖို့လုပ်လိုက်၏။ ရုတ်တရကသူ့ရှေ့မှာပေါ်လာတဲ့အရိပ်ကြောင့် သူ ခါးကိုင်းအောင် ခေါင်းငုံ့ထားရသည်။ အရှင်မင်းကြီး နိုးသွားတာလား။ ဒီအချိန်က နိုးရမယ့်အချိန်မဟုတ်သေးဘူးလေ။ သူလည်းနောက်မကျပါဘူး။

"စာသင်သား"

"မှန်လှပါမင်းကြီး"

သိဒ္ဓိအာဏာစက် ရယ်မိသွားသည်။ အသံကအကျယ်ကြီးထွက်လာတာဖြစ်ကာ သူခေါ်လိုက်တာနှင့် တိတိကျကျမြန်မြန်ဆန်ဆန်ထွက်လာ၏။

"ကိုယ်တော့်အတွက် မျက်နှာသစ်ရေ ယူခဲ့"

သူ့ကိုမှာခဲ့ကာအိပ်ဆောင်ထဲပြန်ဝင်သွားတဲ့အရှင်မင်းကြီးကြောင့် ဝေ့လျှမ်း ခေတ္တခဏကြောင်နေပြီးမှ သူပြန်သယ်မယ့် လဲထားတဲ့ပန်းတွေကိုချကာ ချက်ချင်းပင် ရေချိုးဆောင်ကိုသွားပြီး မျက်နှာသစ်ဖို့အတွက် ပြင်ဆင်ကာ လျင်လျင်မြန်မြန်ယူရသည်။ အရှင်မင်းကြီးသုံးသည် ရွှေဖလားတော်ထဲ ရေထည့်ပြီးသည်နှင့် မျက်နှာသုတ်ပုဝါစပါရှိတာကြောင့် အားလုံးတစ်ပါထဲကို ဗန်းထဲထည့်ကာ သယ်ခဲ့လိုက်သည်။ ဒါတွေက အမတ်ကြီးမိုယုံ ပြထားပေလို့ပေါ့။ မဟုတ်ရင် သူဘယ်လိုလုပ်ရပါ့မလဲမသိ။

ကြင်ယာတော်ဝေ့လျှမ်း (or) The Only One Who Can Change The Emperor's MindWhere stories live. Discover now