Part 7

159 28 0
                                    

U+Z


"မင်းရန်"

မင်းရန်သည် သူရှေ့ထံလာရောက်ခစားပြီး ဂါရဝပြုသည်။ ဒီနေ့မှာတော့ ဝေ့လျှမ်းက တစ်ရက်နားဖို့ရာအတွက် သူ့ထံကိုကြိုတင်လျှောက်ထားပြီး အကြောင်းပြချက် သင့်လျော်တာကြောင့် ဝေ့လျှမ်းကို တစ်ရက်နားခိုင်းထားသည်။

"အမတ်ကြီးမော်ဝိုင်း အရှင့်အတွက် မိဖုရားတင်မြှောက်ဖို့ လျှောက်ထားလိမ့်မယ်အရှင်"

အရှင်က ခေါင်းငြိမ့်ကာတွေးနေသည့် ပုံစံဖြစ်သည်။ အရှင့်သတင်းတွေအများကြီးကို အိမ်နီးချင်းတိုင်းပြည်များက အတော်အများကြားဘူးကြပြီး အရှင်က စစ်ပွဲကိုနှစ်ခြိုက်ကာ အိမ်နီးချင်းတိုင်းပြည်များနှင့် အရှင်မျက်စစိကျသည့် တိုင်းပြည်များကို စစ်ပွဲဆင်နွှဲပြီးသိမ်းပိုက်ထားသည့်သတင်း။ ထိုသတင်းများက မှန်ကန်သည့်အရာနည်းပါသည်။ အရှင့်အနေနှင့် စစ်မက်ရေးရာမှာ ပရိယာယ်ကြွယ်ဝသည့်သတင်းကတော့ မှန်ကန်သည်။ သို့ပေမယ့် အရှင်က အိမ်နီးချင်းတိုင်းပြည်များကို မျက်စိကျရင် စစ်ပွဲဆင်နွှဲပြီးသိမ်းပိုက်သည်ဆိုသည့် သတင်းစကားကတော့ အမှန်မဟုတ်ပေ။

အရှင်နှင့်စစ်ပွဲဆင်နွှဲချင်သည့်တိုင်းပြည်များကလည်းများသား။ အရှင့်လက်အောက်ကို သူတို့စိတ်ဆန္ဒအလျောက်ဝင်ရောက်လာသည့် တိုင်းပြည်များလည်းရှိသည်။ သူတို့အနေနှင့် တိုင်းပြည်ရဲ့အခက်အခဲတွေကို ဘယ်လိုမှဖြေရှင်းလို့မရသည့်အဆုံး အရှင့်ထံလာရောက်ခစားပြီး တိုင်းပြည်ကိုကယ်တင်ပေးဖို့ တောင်းဆိုသည့်တိုင်းပြည်များလည်းပါဝင်သည်။ ဒါကြောင့်ပဲ အရှင့်ရဲ့လက်အောက်မှာ တိုင်းပြည်တော်တော်များများ ရောက်ရှိလာကာ ပျံ့နှံ့သွားသည့် သတင်းတွေကမှန်သည့်သတင်းထက် မှားသည့်သတင်းက ပျံ့နှံ့ကာပိုမြန်ဆန်ပြီးရောက်ရှိသွားကြတာဖြစ်သည်။

"ကိုယ်တော့် မိဖုရားတင်မြှောက်ဖို့အတွက် မင်းရန် မင်းရော ဘယ်လိုထင်လဲ"

"ကျွန်တော်မျိုးကတော့ အရှင့်ရဲ့ကိုယ်ပွားလေးကို မြင်ချင်တဲ့စိတ်ဖြစ်မိပါတယ်အရှင်"

ကြင်ယာတော်ဝေ့လျှမ်း (or) The Only One Who Can Change The Emperor's MindWhere stories live. Discover now