💞💕Love For You 💕💞EP13

33 6 0
                                    

Yim ကားပေါ်ကဆင်းပြီးနောက် အိမ်ထဲသို့ဝင်ကာအပေါ်ထပ်
ပြတင်းပေါက် ရှိရာနေရာဆီသို့မြန်မြန်ပြေးတတ်လိုက်သည်။Yimထင်တဲ့အတိုင်းပင် P Tutor ကမပြန်သေးဘဲ ကားပေါ်ကနေအပေါ်ထပ်ကိုလှမ်းကြည့်နေသည်။အမည်မသိတဲ့ ခံစားချက်တမျိုးကYimရင်ဘတ်ထဲတွင် လှိုင်းလုံးတခုသဖွယ်ဂယက်ထနေသည်။တအောင့်လောက်ကြာမှP Tutor ကားကအိမ်ရှေ့ကနေ ထွက်သွားသည်။P Tutor ကဒီအပြုအမူတွေလုပ်နေတာက သူ့ကိုတကယ်သဘောကျနေတာများလား။Yim အနုပညာလောကထဲ စဝင်ခဲ့တုန်းက Mae က Yimကိုသတိ‌ပေးဖူးတယ်။အနုပညာလောကထဲက လူနဲ့တွဲမယ်ဆိုရင်လူတကာရဲ့မျက်စိဒေါက်ထောက်ကြည့်တာတွေ၊ဝေဖန်တာတွေကိုသည်းခံနိုင်မှတွဲပါတဲ့။
ထိုအချက်ကြောင့်ပင် Yimအနေနဲ့ အနုပညာလောကထဲကလူနဲ့ တွဲဖို့မစဉ်းစားထားပေမဲ့ P Tutor သာ Yim ကို တကယ်သဘောကျတာဆိုရင်.........

" ပြန်လာပြီလား........Yim "

" Gem "

" ဘယ်တွေသွားနေတာလဲ၊ငါမင်းကို ညစာစားဖို့စောင့်နေတာ "

ရုတ်တရက်အခန်းထဲကနေ အိပ်ချင်မူးတူးနဲ့ထွက်လာတဲ့ Gem ကြောင့် Yim လန့်သွားပြီးလက်ထဲက အရုပ်ထည့်ထားအိတ်ကပြုတ်ကျသွားသည်။ကျသွားတဲ့အိတ်ကို မြန်မြန်ပြန်ကောက်လိုက်ကာ......

" မင်းငါ့ကို စောင့်နေတာလား၊အရင်စားနှင့်လိုက်တာ မဟုတ်ဘူး "

" မင်းလက်ထဲက ဘာကြီးလဲ.....Yim "

" ဟင် "

P Tutor ပေးလိုက်တဲ့ အရုပ်ထည့်ထားတဲ့အိတ်အကြောင်းမေးတာမို့Yim အနေနဲ့ရုတ်တရက်ဘာပြန်ဖြေရမယ်မှန်း မသိဖြစ်နေသည်။Gemကတော့ အိတ်ထဲကအရုပ်တွေကိုကြည့်ကာ......

" မင်းဒီလောက် အရုပ်တွေအများကြီးဘယ်ကဝယ်လာတာလဲ Yim "

" ဟို...ငါဝယ်တာ မဟုတ်ဘူး၊လက်ဆောင် ရတာ "

" လက်ဆောင်၊အဆောင်အပြန်လမ်းမှာ မင်း fan တွေနဲ့တွေ့ခဲ့လို့
လား "

" မဟုတ်....ပါဘူး။P Tutor....ပေးလိုက်တာ "

" ဟင်....ဘယ်သူ...ပေးလိုက်တာ......"

ဘယ်သူပေးတယ်ဆိုတာ သေချာကြားအောင်မပြောဘဲ အသံတိုးတိုးလေးနဲ့ပါးစပ်လှုပ်ရုံမျှသာပြောနေတဲ့ Yim ကိုကြည့်ပြီးထူးဆန်းနေသည်ဟု Gem သတိထားမိလိုက်သည်။Yim ကြည့်ရတာမသိရင်မုန့်ခိုးစားနေတဲ့ကလေး ဆရာမမိသွားတာကျနေတာပဲ။

💞Love for you 💞Where stories live. Discover now