Warning Content :
This content includes slight cheat affairs which might disturb some readers. But trust me it won't disturb you for long. As me too not a fan of those.အကယ်၍များ စောစောတွေ့ဖြစ်ခဲ့ကြရင် ဒီအဆုံးသတ်ဟာ ပြောင်းလဲသွားလောက်မလား။
"ဒီဟာက သူ ပေးခဲ့တာလား"
စာအိတ်ကိုလက်ခံတဲ့အချိန်မှာ လက်တွေက တုန်နေခဲ့တယ်။ တကယ်ဆိုရင် အသက် ၅၀ ဆိုတဲ့အရွယ်ဟာ စိတ်ခံစားချက်များရတော့မဲ့ အရွယ်လဲ မဟုတ်ပါဘဲနဲ့လေ။
"ကျေးဇူးတင်ပါတယ် တစ်ယောက်တည်း အေးအေးဆေးဆေး ရှိချင်တာမို့ ပြန်သွားလို့ရမလား"
ရိုးရိုး stapler နဲ့ပဲ ပိတ်ထားတဲ့စာအိတ်အဖြူကို အကြာကြီး သူ ကြည့်နေမိတယ်။ စာအိတ်လာပို့ပေးတဲ့သူက နှုတ်ဆက်သွားလေသလားဆိုတာကိုတောင် သူ သတိမထားနိုင်ခဲ့ဘူး။ စိတ်တွေက ပျံ့လွင့်နေတယ်။ အကောင်းကြီး... သူတို့နှစ်ယောက်အကောင်းကြီး ရှိနေရဲ့နဲ့လေ။ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ။ ဆယ်နှစ်...။ သူတို့ ဆယ်နှစ်လောက် အတူတူရှိခဲ့ပြီးကြပြီးတော့လေ။
အချိန်အကြာကြီးရပ်နေပြီးမှ သူ ထိုင်လိုက်မိတယ်။ စာအိတ်ကို ဖွင့်ဖို့ကြိုးစားပြီးမှ ရပ်လိုက်မိတယ်။ အထဲမှာပါမဲ့ အကြောင်းအရာတွေကို ရင်ဆိုင်ရမှာကို သူ ကြောက်မိတယ်။ ဒီလိုမျိုးခံစားချက်ရတာက ဒုတိယအကြိမ်ပဲ။ ပထမအကြိမ်တုန်းက ထွက်သွားကြရအောင်လို့ပြောတဲ့ သူ့နောက်ကို အဲဒီလူသားလေး ခေါင်းညိတ်လိုက်ခဲ့တုန်းက။
"လိုက်ခဲ့ပါလား... ကိုယ်တို့သွားကြရအောင်... အဝေးကြီးကို"
"အင်း ကောင်းပြီလေ... သွားကြတာပေါ့"
နှစ်ယောက်တွေ့ဆုံခြင်းက အလုပ်ကတစ်ဆင့်ပါပဲ။ သူတို့စစချင်းတုန်းက တစ်ယောက်ကိုတစ်ယောက် မငြိတွယ်ဖြစ်ကြသေးဘူး။ ပထမအကြိမ်တွေ့ဆုံခြင်းမှာ သူ့အတွက်တော့ အဲဒီလူသားလေးက ကြုံတွေ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ဖြစ်ခဲ့တာပဲ။ ဒုတိယအကြိမ်တွေ့ဆုံတဲ့အချိန်ကတော့ သူ နောက်တစ်ခေါက် အလုပ်ကိစ္စနဲ့ ထပ်ရောက်တဲ့အချိန်ပေါ့။ ဘယ်သူမှ မအားကြတဲ့အချိန်မှာ အဲဒီလူသားလေးက သူ့ကိုလိုက်ပြီးဧည့်ခံခဲ့တယ်။ နှစ်ယောက်အတူ ဆိုင်တွေထိုင်ဖြစ်ကြရင်းကနေ သိခဲ့တာက အဲဒီလူသားလေးက သူနဲ့ပုံစံတူတယ်လို့ပေါ့။ အဲဒီလူသားလေးကို ဒုတိယအကြိမ်တွေ့ဆုံခြင်းမှာ သူ သတိထားဖြစ်ခဲ့တာပါပဲ။
YOU ARE READING
What If
RomanceWhat if we met earlier... Cover credit to original artist search from pinterest. Warning Content : This content includes slight cheat affairs which might disturb some readers. But trust me it won't disturb you for long. As me too not a fan of those.