ဝေခွဲမရခြင်းတွေနဲ့ ဖြစ်နေပေမဲ့ လူသားလေးဆီကို သူ လာမိတုန်းပဲ။ လူသားလေးတို့ ကျောင်းဆင်းချိန်တိုင်း ကျောင်းသားအုပ်ကြားထဲ သူ လိုက်လျှောက်ရင်း လူသားလေးရဲ့တစ်နေ့တာကို နားထောင်နေမိတုန်းပဲ။ လူသားလေးအတွက် သူ က အရေးမပါဘူးလို့ ထင်နေတာတောင်မှပေါ့။
"နောက်ပိုင်း နင် မလာရင်မလာနဲ့တော့"
တစ်ရက်မှာ လူသားလေးက ကောက်ရိုးမျှင်လေးကိုပြောတယ်။ ကောက်ရိုးမျှင်လေးက သူနဲ့အတူတူပဲ ဆိုတာသိရှိပြီးတဲ့နောက်မှာ လူသားလေးနဲ့ ကောက်ရိုးမျှင်လေးကြားထဲကို သူ အလောတကြီး ၀င်ဖို့မကြိုးစားတော့ဘူး။ စိတ်လိုက်မာန်ပါနဲ့ ကြား၀င်ချင်ရင်တောင် ဘာမို့လို့လဲ ဆိုတဲ့မေးခွန်းက သူ့အတွေးထဲ ၀င်၀င်လာတယ်။
"ဘာလို့လဲ..."
လူသားလေးရဲ့ ကောက်ရိုးမျှင်လေးက ကလေးပဲရှိသေးတယ်။ လူကြီးတစ်ယောက်လို ဟန်မဆောင်နိုင်သေးဘူး။ ကောက်ရိုးမျှင်လေးရဲ့ တုန်လှုပ်ခြင်းတွေကို သူကတော့ ဖမ်းမိနိုင်တယ်။ လူသားလေး တွန်းလွှတ်တာကို လက်မခံနိုင်ခြင်းတွေ။ သူဟာလဲ တွန်းလွှတ်ခြင်းတွေကို ကြောက်ခဲ့သူတစ်ယောက်ပါပဲ။ အခုတော့ သူ့မှာ တွန်းလွှတ်ခြင်းဆိုတာနဲ့ ကြုံတွေ့နိုင်တဲ့ နီးကပ်ခြင်းတောင် မရှိနေခဲ့ဘူး။
"ဦးလေးဆိုင်က ပြီးသွားပြီ ကျောင်းဆင်းတာနဲ့ ငါ သွားထိုင်ပေးရမှာ အရင်လို အချိန်မရှိတော့လို့လေ"
လူသားလေးက အခုအရွယ်ကတည်းက သူများတွေဘက် မကြည့်တတ်တဲ့ လူလေးတစ်ယောက် ဖြစ်နေခဲ့တာကို သူ သတိထားမိလာတယ်။ လူတွေကို ဂြိုဟ်လေးတွေနဲ့ တင်စားမယ်ဆိုရင် လူသားလေးက နေကိုဗဟိုမပြုဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ ဗဟိုပြုပြီး ဂြိုဟ်လေးတစ်လုံးနဲ့တူတယ်။ လူသားလေးက အမြဲတမ်း သူ့ကိစ္စတွေနဲ့ပဲ ရှုပ်နေတယ်။ တခြားလူတွေ ဘာလုပ်နေလဲ မကြည့်ဘူး။ တခြားလူတွေကိုလဲ အချိန်မပေးဘူး။ လူတွေကို ဒီတိုင်း သူသွားလာနေချိန် လမ်းကြုံအချိန်ပေးတာမျိုးပဲ လုပ်တယ်။ ဒါကြောင့် လူသားလေးဟာ သူငယ်ချင်းတွေများတာတောင်မှ သူငယ်ချင်းမရှိသလို ဖြစ်နေတတ်တာ။
YOU ARE READING
What If
RomanceWhat if we met earlier... Cover credit to original artist search from pinterest. Warning Content : This content includes slight cheat affairs which might disturb some readers. But trust me it won't disturb you for long. As me too not a fan of those.