What if I'm insignificant

98 19 0
                                    

အဲဒီနေ့က မိုးမချုပ်ခင် သူ ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ ညနေစောင်းအချိန်ကိုတော့ ကျော်သွားခဲ့တာပေါ့။

"သင်တန်းတက်မယ်ဆို ဘာတွေစုံစမ်းထားလဲ"

အဒေါ်မေးတော့ သူ ပြန်ဖြေဖြစ်တယ်။ လောကဓံကို ကျော်ဖြတ်ပြီးသူတစ်ယောက်မို့ အနာဂတ်ကိုစီမံရတာက သူ့အတွက်အခက်အခဲမရှိလှဘူး။ ခက်ခဲနေတာက လူသားလေးရဲ့ဘ၀ထဲကို ဘယ်လိုမျိုး ၀င်ရောက်ရမလဲဆိုတာပဲ။ ဘာလို့လဲဆိုတော့ လူသားလေးနဲ့သူ့ကြားမှာ ဆက်နွယ်မှုတစ်ခုမှ မရှိသေးဘူးလေ။ သူတို့ရဲ့ ဘ၀လမ်းနှစ်ခုစုံမှတ်ရောက်လာဖို့က ဆယ်နှစ်မကကြာလိမ့်အုံးမယ်။ သူ့မှာ အဲဒါကို စောင့်နေဖို့အတွက် အချိန်မရှိဘူး။ စောင့်နေခဲ့ရင် အဆုံးသတ်က အရင်လိုပဲ ပြန်ဖြစ်သွားလိမ့်မယ်။

လူသားလေးရဲ့ပထမဆုံး ဒဏ်ရာက လူသားလေးကို ဒီလောကထဲ ခေါ်ခဲ့သူတွေ ကိုယ်တိုင်ပေးခဲ့ကြတာဖြစ်တယ်။ လူတိုင်းက မိဘဖြစ်သင့်ရဲ့လား။ သိတတ်စကတည်းက အခုထိ နှစ်နဲ့ချီပြီး ဒဏ်ရာကိုပိုက်ထွေးထားရတဲ့ လူသားလေးအကြောင်းတွေးပြီး သူ မွန်းကြပ်လွန်းလို့ ရူးမတတ်ပါပဲ။ အရာအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရမယ်ဆိုရင် လူသားလေးလက်ကိုဆွဲပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ခေါ်လာခဲ့ချင်တယ်။

လူသားလေးရဲ့ ပထမဒဏ်ရာက လူသားလေးကြောင့်လို့ အမည်တွင်တယ်။

လူသားလေး အမြဲပြောနေကျ စကားတွေထဲမှာ ကိုယ်တွေကြောင့်ဆိုတာ ပါတယ်။ လူသားလေးက အရာတော်တော်များများကို သူ့ကြောင့်ဖြစ်လာတယ်လို့ ထင်ထားပုံပါပဲ။ ဒါကကောင်းတဲ့အရာတွေဆိုရင် ယုံကြည်မှုလွန်ကဲလွန်းပြီး ထောင်လွှားတယ်လို့ဆိုလို့ရပေမဲ့ မကောင်းတဲ့အရာတွေမှာ ခံယူထားတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပစ်လိုက်တာမျိုးပါပဲ။ တကယ်တော့ အရာရာက လူသားလေးကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ လူသားလေးရဲ့ ပတ်၀န်းကျင်မှာရှိတဲ့ သူတွေရဲ့ ရွေးချယ်မှုပါ။ သူ့ မိဘတွေက သူ့ကိုစိတ်ပျက်ခဲ့တာ၊ မလုပ်သင့်တာကို လုပ်ခဲ့တာ ဒါက သူ့ရွေးချယ်မှုပါ။ လူသားလေးကြောင့် မဟုတ်ခဲ့ပါဘူး။

What If Donde viven las historias. Descúbrelo ahora