အခန်း (၁)
"ဆော့မက်သရူး အရမ်းချစ်ဖို့ကောင်းတယ်!!!"
လူအုပ်ကြားထဲမှ ထိုးထွက်လာသော အသံကြောင့် မက်သရူး ပြုံးမိသွားသည်။ သူနှင့် ရင်းနှီးပြီးသား ဖြစ်သော The Star-nim ၏အသံ။ တနည်းပြောရရင် သူ့ရဲ့ fansite တွေထဲမှတစ်ခု။ ထူးခြားတာကတော့ fanboy ဖြစ်နေခြင်းပင်။
မက်သရူး၏ fan sign event မှန်သမျှနှင့် activity မှန်သမျှကို မက်သရူး debut သည့်အချိန်မှစ၍ ယနေ့အထိ တစ်ခုမကျန် လိုက် support ပေးနေသော fansite တစ်ခုမို့ မက်သရူးလည်း သတိထားမိနေခြင်းဖြစ်သည်။
လေဆိပ်ထဲဝင်လိုက်သည်နှင့် ဘေးနားမှ လိုက်ပါလာသော reporter-nim တို့အား မက်သရူး ပြုံးပြကာ နှုတ်ဆက်လိုက်၏။
ခေါင်းမူးနေသည့်ကြားမှ အားတင်းကာ မက်သရူးအစွမ်းကုန်ပြုံးထားရသည်။
"ဆော့မက်သရူး ဟာ့ထ်ထုလုပ်ပြပေးပါဦး"
"မက်သရူးအရမ်းချောတယ်"
ဆူညံစွာအော်ဟစ်နေသော fan များ၏ အသံက တဖြည်းဖြည်း အနောက်တွင်ဝေး၍ ကျန်ခဲ့လေ၏။
လေယာဉ်ပေါ်သို့တက်ရန် စောင့်ဆိုင်းနေရသောအချိန်တွင် ဘေးနားမှာရှိသော manager က မက်သရူးမျက်နှာမကောင်းဖြစ်နေသည်ကို သတိထားမိသွားပြီး
"မက်သရူး ခေါင်းမူးနေသေးတာလား"
"အင်း နည်းနည်းပါ.. ရပါတယ်.. လေယာဉ်ပေါ်ရောက်လို့ အိပ်လိုက်ရင် သက်သာသွားမှာပါ"
ဘေးတွင်ထိုင်နေသော ဟာအိုဟျောင်းက မက်သရူးပုခုံးလေးများကို ကြင်နာစွာ လာဖက်ကာဖြင့်
"မက်သရူး ရှူဆေးရှူမလား ငါ့မှာပါတယ်"
"ရတယ်ဟျောင်း လူတွေလည်းရှိနေတော့....ပြီးတော့ အလကားနေရင်း fan တွေစိတ်ပူသွားဦးမယ်"
မက်သရူးတို့နှင့် ရှေ့ခပ်လှမ်းလှမ်းတွင်တော့ ရစ်ခီနှင့် ဂရူဗင်းတို့က အပြန်အလှန်စနောက်နေကြသည်။
သူတို့အဖွဲ့၏ leader ဖြစ်သော ဂျီဝွန်းဟျောင်းကတော့ manager များနှင့် စကားပြောနေလေ၏။
မက်သရူးတို့ CodeX အဖွဲ့တွင် မက်သရူးအပါအဝင် ဂျီဝွန်း၊ ဟာအို၊ ဂရူဗင်း နှင့် ရစ်ခီ ဆိုသည့် အဖွဲ့ဝင် ၅ယောက်ပါဝင်လေသည်။
YOU ARE READING
I GOT CHU
Fanfictionbinthew fanfic ဒီတခါတော့ ပေါ့ပေါ့ပါးပါးနဲ့ ခပ်ချိုချိုလေးရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော် ㅤ♡