အခန်း (၇)
*ဝုန်း
အခန်းတံခါးကို စောင့်ပိတ်လိုက်ပြီးနောက် မက်သရူးကုတင်ပေါ်တွင် မှောက်အိပ်ကာ ခေါင်းအုံးပေါ်သို့ မျက်နှာအပ်လျက်သားဖြင့် နေနေမိ၏။
"ဟိုကောင်လေး ဘာဖြစ်လာတာလဲ"
"မသိပါဘူး gym ကထွက်လာတုန်းက အကောင်းပါပဲ.. Lobby နားရောက်မှ ဘာထဖြစ်တာလဲမသိဘူး"
အခန်းအပြင်ဘက်ဆီမှ ဂျီဝန်းနှင့် ဂရူဗင်း၏ အသံက အခန်းထဲသို့ ဝင်ရောက်လာသည်။
မက်သရူး မှောက်အိပ်နေရာမှ ထထိုင်လိုက်ပြီး စိတ်ရှုတ်ထွေးစွာဖြင့် ဆံပင်များအား လက်နှင့် ထိုးဖွလိုက်၏။ သူ့ရဲ့စိတ်အာရုံထဲတွင် ဟန်ဘင်းနှင့် အမျိုးသမီးတစ်ယောက်တို့ ဖက်နေသည့်ပုံရိပ်ကိုသာ တဝဲလည်လည်မြင်ယောင်နေ၏။
Sung hotel တွင်ရှိသော gym တွင် လေ့ကျင့်ခန်းဆင်းပြီးနောက် ဂရူဗင်းနှင့်အတူ lobby သို့ထွက်လာစဉ် ဟန်ဘင်းအား တခြားအမျိုးသမီးတစ်ဦးနှင့် တွေ့လိုက်ရခြင်းပင်။
"ပြောတော့ ငါ့ကိုချစ်တယ်တဲ့... အလကားလူကြီး..သူ့ကို ငါစိုက်ကြည့်နေတာတောင် သတိမထားမိလောက်အောင် ပျော်နေတာ.. မုန်းတယ် မုန်းတယ်.. အရမ်းမုန်းတယ်"
ဘေးနားတွင်ရှိနေသော ဖက်လုံးလေးအား အညှာအတာမဲ့စွာ ထုရိုက်နေရင်းနှင့် မက်သရူး မျက်ဝန်းအိမ်တွင် မျက်ရည်များခိုတွယ်လာလေတော့သည်။
-------------------------------------------------------
ဟန်ဘင်း သူ့လက်ထဲရှိ အရက်ခွက်ထဲမှ လက်ကျန်အရက်များကုန်အောင် မော့သောက်လိုက်ပြီးနောက် အကြောင်းပြချက်မရှိ ကြမ်းပြင်ကို ငေးစိုက်ကြည့်နေသည်။
"ဟင်း...."
ထယ်ရယ်၏ သက်ပြင်းချသံက တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"မင်းကဘာကိစ္စ အိမ်ထောင်ဖက် သွားတွေ့ရတာလဲ"
ဟန်ဘင်း ကြမ်းပြင်ကို စိုက်ကြည့်နေရာမှ ခေါင်းမော့ကာ မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း
"ငါမှမသိတာ..ငါ့အဖေက အလုပ်ကိစ္စတစ်ခုပြောစရာရှိလို့ ဟိုတယ် lobby မှာစောင့်နေဆိုလို့ သွားစောင့်နေတာ"
YOU ARE READING
I GOT CHU
Fanfictionbinthew fanfic ဒီတခါတော့ ပေါ့ပေါ့ပါးပါးနဲ့ ခပ်ချိုချိုလေးရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော် ㅤ♡