Part 5

65 10 2
                                    

အခန်း (၅)

CodeX အဖွဲ့ကို တင်ဆောင်လာသောကားက Company ရှေ့တွင် ရပ်သွားပြီးနောက် အဖွဲ့သားများ ကားပေါ်မှ ဆင်းလာကြသည်။

ရှေ့ခေါင်းခန်းမှ ထိုင်လာသော ဂျီဝန်းက ဦးစွာဆင်းလျက် နောက်ခန်းမှ ထွက်လာမည့် အဖွဲ့သားများကို စောင့်ကြည့်နေ​၏။

ဟာအို ထွက်လာတာကိုမြင်တော့ ဟာအိုလက်ထဲမှ အိတ်ကို လှမ်းယူလိုက်သည်။

"ကျေးဇူးပဲ ဟျောင်း"

ဟာအိုက အပြုံးလှလှလေးဖြင့် ဂျီဝန်းအား ပြုံးပြလိုက်​၏။

"ဒီနေ့ အရမ်းချောနေတယ်"

ဘယ်သူမှ မကြားအောင် ဟာအိုအနားသို့ ကပ်ခါ ဂျီဝန်းတိုးတိုးလေး ပြောလိုက်သည်။

ဟာအိုက ဂျီဝန်း​၏ လက်မောင်းကို လှမ်းထု၍ မျက်စောင်းထိုးလိုက်​၏။

"ဟျောင်းတို့ အရင်တက်နှင့် ကျွန်တော်ကော်ဖီ သောက်ချင်လို့ ကော်ဖီဝယ်လိုက်ဦးမယ်"

အနောက်နားမှ ထွက်ပေါ်လာသော မက်သရူး​၏ အသံစူးစူးလေးကြောင့် သူတို့နှစ်ဦး အကြည်စိုက်နေရာမှ အာရုံပျက်သွားလေသည်။

"မြန်မြန်ဝယ်ပြီးလာနော်.. ငါတို့ဖို့လဲဝယ်ခဲ့ဦး.."

"အင်းပါ.. ဟိုနှစ်ယောက်ရော ဘာသောက်မှာလဲ"

ဟာအိုကို ပြန်ဖြေပြီးနောက် ဂရူဗင်းနှင့် ရစ်ခီကို လှမ်းမေးလိုက်သည်။

"တော်ပြီ မသောက်တော့ဘူး"

"ရစ်ခီမသောက်ရင် ကျွန်တော်လည်း မသောက်တော့ဘူး"

မက်သရူးကို ပြန်ဖြေပြီးနောက် ဂရူဗင်းနှင့် ရစ်ကီတို့ နှစ်ယောက်သား တွတ်ထိုးကာ အနားမှ ထွက်သွားလေ​၏။

"ဟေ့ကောင်တွေ တူတူသွားမယ်.. စောင့်ဦး"

သူတို့နှစ်ယောက်အနောက်မှ ဂျီဝန်း အော်ခေါ်ကာ အပြေးအလွှား လိုက်သွားရသည်။

"မက်သရူး ဟျောင်းစောင့်ပေးရမလား"

အမြဲလိုလို အငယ်များကို ကြင်ကြင်နာနာ ဆက်ဆံတတ်သော ဟာအို​၏အမေးကို မက်သရူးပြုံးပြလိုက်ပြီး

I GOT CHUWhere stories live. Discover now