နှစ်ဆန်းတစ်ရက်နေ့ထိ နွေဟာ တစ်ယောက်တည်း ငေါင်ငေါင်ကြီးဖြစ်လျက်။ ဆွေးဟာ ဥပုသ်ယူထားသည်တဲ့လေ။ နေ့ရက်တိုင်းကို ဖက်လုံးနဲ့ဖြတ်သန်းရင်းပေါ့။
ဘာလိုလိုနဲ့လည်း မြို့ကိုပြန်ဖို့ အချိန်ရောက်ခဲ့သည်။ နွေဟာ သူ့ဆိုင်ကယ်နဲ့ပြန်မည်ဖြစ်သလို ဆွေးဟာလည်း နောက်တစ်ရက်နေပြီး အဝေးပြေးကားနဲ့ ပြန်လာမည်တဲ့လေ။ နွေဟာ ဆိုင်ကယ်တစ်စီးနဲ့ သူ့အိမ်ကိုပြန်ရောက်လာတော့။
" တော်တော်ပျော်ခဲ့လား နွေ"
" မာမီ....ဘယ်လိုဘယ်က....."
" ငါ လက်ထပ်ပေးမလို့စီစဉ်ထားတယ် လွမ်းနဲ့ နက်ဖြန် မင်္ဂလာဝတ်စုံသွားကြည့်ရမယ်...အခု ခရီးကပြန်လာတာမလား ရေမိုးချိုးနားလိုက် ည(၈)နာရီ ငါပြန်လာမယ် အပြင်ထွက်ဖို့မစဉ်းစားနဲ့...ငါပြောစရာရှိတယ်... နွေ့ဒယ်ဒီလည်းကယ်မှာမဟုတ်ဘူးနော်"
ဒေါ်အမ်မလီအောင်ဟာ သူပြောချင်ရာပြောပြီးပဲ ဆေးရုံကိုကားနဲ့ထွက်သွားလေတော့သည်။
နွေ အခန်းထဲဝင်ပြီး ရေချိုးကာ ရေချိုးခန်းထဲတွင် အော်နေလိုက်တော့သည်။
" ဘာလို့....ငါ့ကျမှလဲ"
ရေချိုးခန်းထဲကထွက်လာပြီးတော့...နွေဟာ လွမ်းကိုဖုန်းဆက်သည်။
" ဟဲ့....ကလေးမ"
" yes daddy"
" ငါနဲ့လက်ထပ်ဖို့ သဘောတူလိုက်တာလား"
" အိမ်ကစီစဉ်တာလေ...လွမ်းလည်းတားပါတယ်...ဒါပေမယ့် လူကြီးတွေက တားမရဘူး...ဒယ်ဒီတားကြည့်လေ"
" ငါလည်းတားနေတာပဲ...သူတို့က နက်ဖြန်တောင် မင်္ဂလာဝတ်စုံကြည့်ခိုင်းနေတယ်"
" ကြည့်လိုက်ပေါ့....လွမ်းက အဖြူရောင်ကြိုက်တာနော်"
" လွမ်းကို ညီမလေးလိုပဲသဘောထားတာ"
" တူတူပါပဲ...ဒါပေမယ့် လွမ်းက ဘာစိတ်မှမရှိဘူး ဒယ်ဒီနဲ့လက်ထပ်လည်းရတယ် လက်မထပ်လည်းရတယ်"
" လွမ်းမှာ ရည်းစားတို့ ကြိုက်တဲ့လူတို့မရှိဘူးလား...အောင်သွယ်ပေးမယ် ဒယ်ဒီကိုယ်တိုင် အောင်သွယ်မှာ"
![](https://img.wattpad.com/cover/367945848-288-k888972.jpg)
YOU ARE READING
နှလုံးသားတစ်ခုကို ထုဆစ်ခြင်း ( Uni+Zawgyi)
Romanceမင်းကိုချစ်မိမှပဲ ငါ့မှာ အသည်းနှလုံးရှိသေးမှန်း သတိထားမိတော့တယ်။