တစ်ခုသော ဒီဇင်ဘာ . . .
အော် ဘာလိုလိုနဲ့ decemberတောင်ရောက်လာပြီ။အခုဆို Tao Seoulကိုရောက်လာတာတောင် ၂လပြည့်တော့မယ်။ အရင် Qing Dao,Chinaမှာနေတုန်းကဆို ဒီလိုအချိန် ချမ်းချမ်းအေးအေး ညနေစောင်းမှာ ကမ်းခြေမှာတယောက်ထဲ လမ်းလျှောက်ရတာလောက် Taoဘဝမှာ ပျော်ဖို့ကောင်းတာမရှိ။ ခုတော့လည်း နေရာသစ်မှာ လူသစ် ပတ်ဝန်းကျင်သစ်နဲ့ အသားကျအောင ကြိုးစားရင်း ဒီနှစ်Decကိုလည်း တယောက်တည်း ဖြတ်သန်းရအုန်းမှာပါလားလို့ တွေးမိတော့ အတိတ်ကိုသတိရတမ်းတကာ ပျော်ရွှင်သွက်လက်ခဲ့သော ခြေလှမ်းတို့ က သိသိသာသာနှေးကျသွားသည်။ အော် . . . .တခါတလေမှာ အမှန်တရားဆိုတာ သိသိနဲ့ အထီးကျန်လှပါလားနော်။
ဒီနှစ်က Taoရဲ့ အထက်တန်း တတိယနှစ်ဆိုတော့ နောက်နှစ်ဆို သူမအထက်တန်းနောက်ဆုံးနှစ်. .
မကြာသော နောက်နှစ်တွင်တော့ ကောလိပ်ဆိုသော ပတ်ဝန်းကျင်သစ်တခုသို့ သူမသွားရပြန်အုန်းမည်။
ဟူး. . . . !!!!ဒင်း ဒေါင် ဒေါင် !!! ကျောင်းဆင်းခေါင်းလောင်းတီးသံက ထိင်းမှိုင်းနေသော သမစိတ်တို့ကို တက်ကြွအောင် မစွမ်းပါချေ။တလှမ်းပီး တလှမ်း လှမ်းနေသော
အိမ်အပြန်ခြေလှမ်းတို့က လေးတိလေးကန် ။
သူမဘာသာ အတွေးရေယာဉ်ကြောမျောမိတာ နေဝင်လို့ ကျောင်းသားတွေမရှိသလောက်ကုန်ကာ တကျောင်းလုံး တိတ်ဆိတ်သွားမှန်းလည်း သတိမရ။
ဒုန်း !! #@&$#***. . . !!!
. . . အား . . .#@*&@$*# . . !!
ရုတ်တရက် တစုံတခုကို တိုက်မိလိုက်ပီဆိုသောအသိနှင့်အတူ . . . ထိုအရာရော သူမရော ကြမ်းပြင်ပေါ်
လုံးထွေးကာ ထပ်ရက်ကျသွားသော်လည်း . . .
သူမက အပေါ်မှာမို့ဘာမှသိပ်မဖြစ်လိုက်။
" အဟွတ် ဟွတ် သေပါပီကွာ !!! "
ကြားလိုက်ရသော အသံက သူမနှင့်နီးနီးကပ်ကပ်မို့ လန့်ဖျန့်ကာ တွန်းလိုက်မိသည်။
တဆက်တည်း ကြည့်မိတော့ မြင်လိုက်ရတာက . . . . . . . .'
How to describe!!!!
Boy,I can't explain what i feel !!!
သူမရင်အုံဘယ်ဘက်ခြမ်း မှာ ပဲ့တင်သံမြည်ဟည်းသွားသလို !!!!
ဟုတ်တယ် ။ သူမရှေ့မှာ ခြေအစုံရပ်နေတဲ့သူဟာ လူသားစင်စစ်တော့ မဖြစ်နိုင်။ ထင်းပီးပေါ်လွင်ဖြောင့်စင်းနေတဲ့နှာတံ . . . လေးကြိုးလိုစိမ်းညို့နေတဲ့မျက်ခုံး. . . . မိန်းကလေးထဲမှာတောင်အရပ်တော်တော်မြင့်တဲ့ Taoထက်တောင် သူ့အရပ်ကအုပ်မိုးထားသေး . . . ပီးတော့ ညို့ငင်ဖျားရောင်းနေတဲ့သူ့ရဲ့မျက်ဝန်းတစ်စုံ . . . .!!! သေချာပါတယ် ဒါလောက်ဆို. . . . He is an Angel falling from sky !!**ွ
်
ESTÁS LEYENDO
The First Time[Taoris 18+]
De TodoEverything is so new for her. The feelings.. ...the things she had done[ To say exactly..all he did to her that time] were new to her. First snow!First kiss!FirstX.X.X!!!! Even the world is different & new to her that time. Cos........ It's...