အခန်း ၁ မှ ၅

475 34 0
                                    

အခန်း (၁) ။ ပြောင်းလဲမှု

' လီချင်းဟဲ့ ' သည် မှောင်ဝါးသောအခန်းထဲတွင် ကျယ်လောင်သော ကြက်တွန်သံကြောင့် လန့်နိုးလာခဲ့သည်။ သူမ လှုပ်ရှားလိုက်သောအခါ သူမရင်ဘတ်တွင် စူးရှရှနာကျင်မှုကို ခံစားလာရ၏။ ကောင်းကင်မှလာသော အလင်းရောင်ဖျော့ဖျော့လေးဖြင့် ပတ်ဝန်းကျင်အား ကြည့်နေရင်း အံ့အားသင့်သွားသည်။ သူမနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ပတ်ဝန်းကျင်သည် အနည်းငယ် ရင်းနှီးနေသည့်ပုံပေါက်နေသည်ကို သူမခံစားမိလိုက်ရသည်။ ထိုအိမ်သည် သူမလက်မထပ်ခင် နေထိုင်ခဲ့သော အိမ်ဖြစ်ပုံရသည်။ အိမ်အပြင်မှ ကြက်တွန်သံသည် ရံဖန်ရံခါ ခွေးဟောင်သံတွေနှင့် ရောနှောနေပြီး သူမရင်ဘတ်မှ စူးရှရှနာကျင်မှုကလည်း သူမကို ဒါအိပ်မက်ဟုတ်မနေဘူးဆိုတာ အမှတ်ရစေခဲ့သည်။

သူမ တစ်ခါသေဆုံးခဲ့ဖူးသည်။

သူမ သေဆုံးခဲ့ရုံသာမက အိမ်ထောင်လည်းကျခဲ့ဖူးသည်။ သူမအိမ်ထောင်ရေးကို တွေးတောရင်း နောင်တနှင့် ဒေါသများသည် ချက်ချင်းပင်ဆိုသလို သူမရင်ထဲမှာ ပြည့်နှက်သွားခဲ့ကာ ဒဏ်ရာကလည်း ပို၍ပင် နာကျင်လာခဲ့ပြီး ပင်ပန်းနွမ်းနယ်လာခဲ့လေသည်။

ရွှအိမ်ထောင်စု၏ သား 'ရွှချန်ကျဲ ' သည် ရုပ်ရည်ချောမောကာ စာအုပ်များဖတ်နေသည်မှာလည်း နှစ်အတော်ကြာပြီဖြစ်သည်။ သူသည် မြိုထဲက ဆိုင်တစ်ဆိုင်တွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ သူသည် မြိုနှင့်ရွာကြား နေ့စဉ်သွားလာလေ့လည်းရှိသည်။ သူသည် ဖော်ရွေပြီးတော့ လူတော်တော်များကိုလည်း သိသည်။ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ နူးညံ့သိမ်မွေ့ပြီး ရိုမန့်တစ်လည်းဆန်သည်။ မိန်းကလေးတော်တော်များများက သူ့ကို တိတ်တဆိတ် အရူးအမူးစွဲလန်းလေ့ရှိကြပြီး ' လီချင်းဟဲ့ ' သည်လည်း သူမ၏အတိတ်ဘဝတွင် ထိုကဲ့သိုသော မိန်းကလေးမျိုးတွေနှင့် အလားတူပင်ဖြစ်သည်။

သိုသော် ယခုအချိန်မှာ သူမနှင့် အခြားတစ်ယောက်သည် အဝေးကနေသာ တွေ့ဆုံနေရပြီး တစ်ယောက်နှင့်တစ်ယောက်ကလည်း မသိခဲ့ကြပေ။

သူတိုနှစ်ယောက် ပြန်ဆုံတွေ့ကြပေမဲ့ ဘာကြောင့် သူမ ဒဏ်ရာရသွားခဲ့ရသလဲဆိုတာကို အရင်ဆုံးနားလည်မှုကတစ်ဆင့် ဇာတ်လမ်းကို စရမယ်။

ပြန်လည်မွေးဖွားလာပြီးနောက် လယ်စိုက်တော့မယ်။Where stories live. Discover now