အခန်း (၆) - တန်ပြန်တိုက်ခိုက်ခြင်း
အိမ်မှထွက်သွားပြီးနောက် သူမသည် မရပ်နားဘဲ ရွာသူကြီးအိမ်ဆီသို့ တည့်တည့်မတ်မတ် သွားလေသည်။
သူမအား မြင်သောအခါ ရွာသူကြီးသည် သက်ပြင်းချလေကာ " သမီး အဲဒီမြေကိုဝယ်ချင်တာလား "
လီချင်းဟဲ့ က ခေါင်းညိတ်လျှက် " ကျွန်မအရင်ကတည်းက ဆုံးဖြတ်ချက်ချပြီးသားပါ "ထိုစကားကို ကြားသည့်ရွာသူကြီးသည် ပို၍လေးလေးနက်နက်နှင့် " ပုံမှန် မြေဆီကောင်းတဲ့ မြေကွက် နှစ်မု သုံးမုလောက်ဆို ငွေငါးချောင်းလောက်လိုတယ် ။ မဖြစ်ထွန်းတဲ့မြေကို လိုချင်ရင်တော့ ဘယ်လောက်မှမရှိဘူး။ တစ်မု ကို ငွေတစ်ချောင်း၊ နှစ်ချောင်းလောက်ပဲ ကျလောက်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးသေချာစဉ်းစားပါဦး။ သမီး မြေကိုရသွားပြီးရင် ပြန်ရောင်းလို့မရရင် ငွေ ပြန်ရတော့မှာ မဟုတ်ဘူး"
(မှတ်ချက်။ "မု" ဆိုသည်မှာ ရှေးခေတ်တရုတ်ပြည်၏ လယ်မြေအကျယ်ကိုတိုင်းသော ယူနစ်တစ်ခုဖြစ်သည်။ ၁ မုလျှင် ၆၆၇ ဧရိယာအကျယ်အဝန်းရှိသည်။)
" ကျွန်မ သိပါတယ် " လီချင်းဟဲ့က ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်သော်လည်း သူမ၏ စုဆောင်းငွေများကိုတော့ တိတ်တဆိတ် တွက်ချက်နေလေသည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ငွေလေးချောင်းခန့်စုမိခဲ့ပြီး ၊ ငွေဆယ့်နှစ်ချောင်းထပ်ပေါင်းခဲ့လျှင် မြေ ၁၀ ဧကအား ဝယ်နိုင်မည်ဖြစ် သော်လည်း ယခု မစ္စချန် သည် သူမအား အိမ်ထောင်ပြု စေချင်သည့်အတွက်ကြောင့် သူမအတွက် လွတ်လမ်းတော့ရှိရမည် ဖြစ်သည်။
လီချင်းဟဲ့ သည် အရင်ဘဝ၌ သင့်လျော်သောသူနှင့် အိမ်ထောင်မပြုခဲ့မိသော်လည်း အိမ်ထောင်ပြုရန်အတွက်တော့ မငြင်းဆိုလိုပါပေ။ သင့်လျော်သောသူ ဖြစ်နေသမျှတော့ ဘဝသည် ခက်ခဲမှာမဟုတ်ပေ။
" မြေစာချုပ်ဝယ်ဖို့ ရှင့်ကို မြို့ကိုခေါ်သွားပြီး အလုပ်ရှုပ်ရဦးမယ် ၊ ပြီးတော့ မြေတိုင်းဖို့ အစိုးရဝန်ထမ်းအစ်ကို ကိုရှာရမယ်။
ရွာသူကြီးသည် မျက်မှောင်ကျုတ်ကာ " မြေဝယ်တယ်ဆိုတာ ကိစ္စကြီးပဲ ၊ ငွေပမာဏကလည်း နည်းတာမဟုတ်ဘူး။ အလျင်စလိုမလုပ်နဲ့ မဟုတ်ရင် နောင်တရလိမ့်မယ် "
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် လယ်စိုက်တော့မယ်။
Roman d'amourNew pickလေးနောက်တစ်ပုဒ်နော်။